"အမေ.. မာမီမားသား..မေမေရေ...ဗျို့... အမေ"
"ဒေါ်လေးမရှိဘူး အကိုလေး ဘုန်းကြီးကျောင်းသွားတယ် အကိုလေးခိုင်းစရာရှိရင်မေပြည့်ကိုခိုင်းလေ မေပြည့်လုပ်ပေးမယ် ဘာလိုလိုလည်း?"
"မလိုပါဘူး အိပ်ယာနိုးတော့အမေ့ကိုမတွေ့လို့မေးကြည့်တာ"
"အာ ဟုတ်..အကိုလေးတို့ မနက်စာစားရင်ရပြီ"
"အေး အေး ငါ ဟိုအကောင့်ကို သွားနိုးလိုက်အုံးမယ်"
"ဟုတ်.......
.....အ.ကို.လေး"
"အေ.ဘာလည်း မေပြည့် ပြောစရာရှိလို့ လား?"
"ဟင့်အင်း...မရှိပါဘူး မနက်စာပြင်ထားလိုက်မယ်လို့"
"အော် အေး အေး.....
....ဘာလည်းဟ ဂန်းတန်းတန်းနဲ့ ကျပ်ရောပြည့်ရဲ့ လားမသိဘူး "တကယ် ဆို မေပြည့်ပြောမလို့ပဲပြောသင့်မပြောသင့်ပဲစဉ်းစားနေတာ
ဒေါ်လေးကလည်း မပြောနဲ့. လို့မှာထားတော့ မပြောတာပဲကောင်းပါတယ်လေ"ဝန်းရံပိုင် ထအုံး... "
"အင်း......အဲ....ဘာလည်း....အစောကြီးရှိသေးတယ်ကို"
"အချိန်လည်း ထကြည့်အုံး မင်းဘိုးအေကိုစောနေလိုက် ၈နာရီထိုးတော့မယ်"
"အင်း.....အဲ့တာလည်းစောသေးတာပဲလေ"
"မင်းထမှာလား ငါကုတင်ပေါ်က ကန်ချရမှာလား"
"အင်း....မထချင်သေး ဘူး..အား.......
ရန်ကျော်!!!!မင်းဘယ်လိုလုပ်လိုက်တာလည်း....အား!!ငါ့ဖင်ထောင်ရိုးတော့ ကြိုးပါပြီကွာ...အားလားလား...သေပါပြီ..နာလိုက်တာကို"
"ဘယ်လိုလုပ်လိုက်တာလည်း ဆိုတော့...ငါပြောသလိုပဲကန်ချလိုက်တာလေ မင်းမှမထတာကို အဲ့ကြောင့်ကန်ချလိုက်တာ ရှင်းလား? "
"မရှင်းဘူး!!!...ဘာလည်း? အခုကဘာလို့လာနှိုးနာလည်း?"
"အိမ်အသစ်ဆောက်နေတာ သွားကြည့်မလို့ ဘယ်လောက်ပြီးပြီလည်းဆိုတာ မနေ့ညက အမေကပြောတယ် ကိုကြိုက်မကြိုက်သွားကြည့်အုံးတဲ့ ပြီးမှဟိုဟာမကြိုက် ဒီဟာမကြိုက်ဖြစ်နေလိမ့်မယ်တဲ့ အဲ့ကြောင့်မင်းကိုလာခေါ်တာ မင်းကြိုက်မကြိုက်ကြည့်ရအောင်လို့"
"ဘာလည်း?! မင်းကအိမ်အသစ်သွားကြည့်ပြီး ငါနဲ့ မဂ်လာဦးချင်နေတာမလား"
"ဆုတောင်း ဒီရွာကနေ ဖင်အရှည်ကြီး ထောင်ပြီး ရွာဦးစေတီကိုသာ သွားပြီးဆုတောင်းနေ..တော်ပြီတော်ပြီ မင်းနဲ့ စောစောစီးစီး ရန်မဖြစ်ချင်ဘူး ငါသွားမှာလိုက်မှာလား မလိုက်ဘူးလား ဒါပဲပြော?"
"လိုက်မယ် လိုက်မယ် လို့ ခနစောင့် ပေး မျက်နာသစ်ပြီး အဝတ်လည်းမလို့ တူတူသွားမယ် နော်"
"ပြီးတာပဲ မြန်မြန် လုပ်"
"အင်း အင်း"
ရုပ်ကိုက စပ်ဖြီးဖြီးနဲ့ ကျပ်ရောပြည့်ရဲ့လားမသိဘူး?
YOU ARE READING
ငါတာဝန်ယူမယ် မင်း ကို (complete)
Short Story... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး" ... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး"