.
"ဟျောင့်!! ဝန်းရံပိုင် ထအုံး..."
"ဘာလည်းကွာ အစောကြီးရှိသေးတာကို..."
"မသိဘူး ငါ့စိတ်ထဲတမျိုးကြီးပဲ...လေးနေတာ...ဘာလို့လည်းမသိဘူး..နေရင်းထိုင်ရင်း နဲ့..ငိုချင်လာလို့...."
"ဟင်..."
သူငိုချင်တယ်ပြောမှ ထ ထိုင်လာတဲ့ ဝန်းရံပိုင် ခေါင်းစုတ်ဖွားနဲ့ အရင်က သူ့ကိုဒိလိုမြင်ရင် စ မိမှာဆိုပေမယ့် အခုသူဘာလို့လည်းမသိ ငိုချင်နေပြီး.နေလို့မကောင်းပေ..စိတ်တွေလည်းလေးနေသည်."အကိုလေး အကိုလေး...""!!!!!!!!
ဘုန်း....ဘုန်း...ဘုန်းဘုန်း...!!!!!!!
"အကိုလေး!!!!!"
မေပြည့်အစောကြီးသူများအိမ်ရှေ့အော်ကြီးဟစ်ကျယ်မလုပ်ရဘူးဆိုပေမယ့်
အခုအခြေအနေက မလုပ်လို့မရတော့ပေ
"မေပြည့်အသံမလား ဝန်းရံပိုင်?"
"အင်း ငါတို့ကိုခေါ်နေတာ ဘာဖြစ်လို့လည်းမသိဘူး."
အိမ်အောက်သို့နှစ်ယောက်သား ဝုန်းတိုင်းဆင်းသွား၍ တံခါးသွားဖွင့်တော့ အမောတကောနဲ့ ပြေးလာတဲ့ မေပြည့် တံခါးကိုထုနေရာမှရပ်သွားပြီး
ငိုယိုကာ အသံတွေလည်းတုန်နေပြီး
"ဒေါ်လေး... ဒေါ်လေး... ဒေါ်လေး "
."အေမ.. အမေဘာဖြစ်လို့လည်းဟမ်း...မေပြည့်ငါ့ အမေဘာဖြစ်လို့လည်းလို့မေးနေတယ်လေ"
ဒိအချိန် ရန်ကျော် ဘာကိုမှဂရုမစိုက်ပဲ မေပြည့်ပုခုံးနှစ်ဖက်အား ကြမ်းတမ်းဆွာ ကိုင်လှုပ်ရင်း. မေးနေသည်
သူစိတ်တွေလေးနေတာ ဒီကိစ္စမဟုတ်ဘူး.မလား..ဟင့်အင်း.မဟုတ်ဘူးနော်..မေပြည့် အဲ့သလိုမပြောနဲ့ မဟုတ္ဘူးမလား
ကောင်းလေးရဲ့ဆုတောင်းသံမဆူံးလိုက် မေပြည့်က
"ဒေါ်လေး...ဒေါ်လေး အမောဖောက်နေပြီး...မျက်ဖြူတွေလန်နေလို့..."
"ဘာ..!!!!"
ရန်ကျော် ကြောင်အနေလေပြီ ခြေမကိုင်မိ လက်မကိုင်မိ ဟင့်အင်း
သူကြားတာအမှားကြီး...ဒါကအိမ်မက်မက်နေတာ..ဟုတ်တယ် ဒါအိမ်မက်မက်နေတာ
လက်အေးအေးကြီးက သူ့အားလာကိုင်တော့မှ ဒါအိမ်မက်မဟုတ်ဘူးပဲ
လက်ပိုင်ရှင်ကို အားကိုတကြီးနဲ့ကြည့်မိတော့
"သွားရအောင် ဒေါ်လေးဆီ အချိန်မှီ ကိုကားသွားယူလိုက်အုံးမယ်..မေပြည့်နင့်အကိုလေးကိုခေါ်ပြီး လမ်းပေါ်ကစောင့်.ငါကားယူပြီးထွက်ခဲ့မယ်"
."ဟုတ်.ဟုတ်..သွားရအောင်အကိုလေး"
အချိန်ခနလေး အတွင်းဘာတွေဖြစ်နေတာလည်း သူမသိတော့ဘူး
သူသိတဲ့အချိန်သူကားပေါ်ရောက်နေပြီ ကားကလည်း လမ်းမပေါ် တရကြမ်းမောင်းနှင်နေပေမယ့် ဒီနေ့မှနှေးနေသလို
လမ်းတွေကပဲဝေးနေသလား
သူမသိတော့ဘူး ရန်ကျော်တစ်ယောက်
ကားရပ်တော့ကားပေါ်ကနေဖရိုဖရဲနဲ့ဆင်းသွားပြီး အမေ့ဆီသို့
ဘေးနားကစောင့်ပေးနေကြတဲ့ အဒေါ်ကြီးတွေလမ်းဖယ်ပေးတော့ သူ့အမေ့နားလေးသွားကာ လက်ကလေးကိုဆုပ်ကိုင်လိုက်တော့
မျက်လုံးလေးတွေဖွင့်လာပြီး ရီပြလာတဲ့အမေ့ရဲ့အပြုံးဆွေ
ဟင့်အင်း သူမကြိုက်ဘူး ဒီအပြုံးတွေကစိတ်ချရပြီဆိုတဲ့အပြုံးတွေ
ဟင့်အင်း...သားမှာ..အမေတစ်ယောက်ပဲရှိတော့တာနော်..ဒီလိုလုပ်လို့မရဘူးနော်
စိတ်ထဲမှာသာဝုန်းတိုင်းကြဲနေပေမယ့် စကားလုံးတွေက လည်ချောင်းကိုမလွန်ဆန်နိုင်တော့ဘူး
"သား..."
"ဟင့်အင်း.....အ.မေ....အမေစကားမပြောပါနဲ့....ရွှတ်.....အမေ....အမေမောနေမှာစိုးလို့...မပြောနဲ့နော်..."
"သားကိုခုချိန်ကိုပဲပြောချင်တာ..သား...ဝန်းရံပိုင် ဒီ..နား...လာခဲ့...လာ"
"ဟုတ်....ဟုတ်ကဲ့.. "
"မေပြည့် ဒေါ်လေးကို စာအိတ်လေးပေးပါ..."
"ဒီမှါပါ ဒေါ်လေး..ဟင့်"
"ရော့သား...အမေဒီထဲအကုန်ရေးထားတယ်..သား.ဝန်းရံပိုင်.."
"ဗျာ....."
"သားကတိကိုသား..တည်ပါ.."
"ဟုတ်...ဒေါ်လေး စိတ်ချပါ"
"သားရန်ကျော်..."
"ဗျာ..ဗျာ..အ.မေ"
"အမေမောလို...ရေသောက်ချင်တယ် "
"အာ..ဟုတ်သား ပဲ စကားတွေအများကြီး မပြောနဲ့နော် သား ရေသွားခပ်ပေးမယ် ခနပဲစောင့်နော်.."
အပြုံးခပ်ရေးရေးလေးနဲ့ ခေါင်လေးငြိမ့်တဲ့အမေ
ရေသွားခပ်ပေးဖို့အပြင်ကိုထွက်မည်အလုပ်
သွားပြီ သူ့ကိုအမြဲပျော်ရွှင်အောင်ထားတဲ့အမေ
နောက်ဆုံးအချိန်ထိ သူ့ထွက်သက်ကို သားလေးကိုမမြင်ရအောင် လုပ်ပေးတာက သူ့ဘဝမှာနောက်ဆုံးနဲ့နောက်ဘယ်တော့မှ နောက်ထပ်မလုပ်ပေးနိုင်တော့တာပါပဲ
ရန်ကျော် အခန်းအပြင်လှမ်းမယ့်ခြေလှမ်းတွေရပ်တန့်သွားခဲ့သည်
မဟုတ်ဘူးလေ အမေရေဆာတယ်ဆိုလို့ သူရေသွားခပ်ပေးမလို့လေ
ဟင့်အင်း..အမေကသူခပ်ပေးတဲ့ရေကိုသောက်အုံးမှာလေ
ဟင် ရေသွားခပ်ပေးတာကို မေပြည့်ကဘာလို့ငိုနေတာလည်း
ဝန်းရံပိုင်...ဝန်းရံပိုင်.. သူကေရာ ငိုနေတာလား?
"ဟင့်အင်း...အမေ...မဟုတ်ဘူးမလား.... ?သားကို....သားကိုချစ်လို့..စေနတာ..မလား...ဟုတ်တယ် မလား...သားကို..ဒီလိုပဲအမေက...စနေကြလေ...ခုလည်း...ခုလည်း...သားကိုစေနတာမလား...နဟုတ်ဘူးနော်...ဟင့်အင်း..."
ဘဝက ဒီလိုပါပဲ လောကကြီးကို အမှောင်ဖုံးတဲ့လကွယ်ညကတော့ရှိသေးတာပါပဲ
ဒါမဲ့ ဒီတစ်ခါ အလင်းပြန်ရဖို့က ဝေးလွန်းသွားခဲ့ပြီလေ
ကမ္ဘာပျက်နေတဲ့ကောင်လေးကိုရင်ခွင်ထဲထည့်ကာ အမှန်တရားကိ... သူလက်ခံအောင်ပြောပေးရတော့မယ်..
ကောင်လေး အတော်ကိုငိုနေသည်
မနက်ဝေလီဝေလင်းကတည်းကငိုနေတာ နေခေါင်းပေါ်ရောက်တော့မှ ငူငူကြီးနဲ့ ထိုင်ပြီး အမေ့ဘေးမှတဖဝါးမှမခွာပဲရှိနေလျက်
အသုဘအတွက် ကူလုပ်ပေးကြတာရွာထဲကလူတွေလည်းရောက်လာလေသည်
ဝန်းရံပိုင် မိဘတွေလည်းရောက်လာကာ ရန်ကျော့်အားနှစ်သိမ့်ပေးကြသည်.
ကောက်လေးကတော့ဘာမှမပြောပဲ အသံတိတ်မျက်ရည်ကြနေတော့လေသည်
ESTÁS LEYENDO
ငါတာဝန်ယူမယ် မင်း ကို (complete)
Historia Corta... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး" ... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး"