4
"သားလေး နေလို့သက်သာရဲ့လား?"
"ဟုတ်အမေ. သား.. အဆင်ပြေပါတယ်.."
"အဲ့ကြောင့် သားကိုပြောတာ..သွား..သွားပြီးမ စ ပါနဲ့ဆို.ခုတော့..ဖြစ်ကြပြီ... ဟိုတလောကလည်းသားလုပ်လို့..ဘုန်းဘုန်း ကအစ တစ်ရွားလုံး ဝမ်းလျှောကြတယ်ဆို"
"ဟာ အမေကလည်းဗျာ.. သားကစေတနာနဲ့ပါဗျ"
"တော် ဘာမှစေတနာမနေနဲ့ နင်အဲ့လိုစေတနာတွေများနေလို့
ခုကြည့်နင်ဖျားနေတာ ဘယ်နှရက် ရှိပြီလည်း လေးရက်တောင် မကေတာ့ဘူးမလား? "
"အမေကလည်း သွားတော့သွား သားအိပ်တော့မယ် "..
ရေထဲတနေကုန်နေပြီး အအေးပတ်ပြီး ဖျားသွားတာ ၄ရက်မကတော့ဘူး တနေကုန် အိမ်ထဲကအိမ်ပြင်လည်းမထွက်ရ နေလို့လည်းမကောင်း အင်း သူများကိုဒုက္ခပေးပြီး ခုတော့ကိုခံရတဲ့ အလှည့်ကြတော့လည်းစိမ့်နေတာပဲ
နေပြန်ကောင်းမှ ဟိုမအေဘေးနဲ့ အကြွေးရှင်းရအုံးမှာ
အဲ့သူခိုးက သူ့ကြက်၂ကောင်ရော အသီးတွေရော ပါသွားတယ်လေ အဲ့ကိစ္စကအကြွေးမရှင်းရသေးဘူး
"ဝန်းရံပိုင် ဝန်းရံပိုင် တွေ့ကြသေးတာပေါ့ ကွာ...""ဟျောင့် ဝန်းရံပိုင် မင်းလင်လေးလည်း မတွေ့မိဘူးနော်"
"ရန်ကျော်လား အဲ့အကောင့်နေမကောင်းဘူး မနေ့ကသူ့အမေနဲ့တွေ့လို့ပြောပြတာ သုံး လေးရက်လောက်ရှိပြီတဲ့လေ "
"ငါတော့စိတ်ပူမိသေးတယ် အဲ့အကောင်နေပြန်ကောင်းရင်. ငါတို့ကို လက်စားပြန်ခြေလိမ့်မယ်. သူ့ကိုပညာပေးရုံမဟုတ်ဘူး သူ့ အပိုင်တွေကိုပါစားထားတာကို. ငါတို့က"
"ဘာလည်း ကျံကျောင်း မင်းကကြောက်လို့လား"?
"မဟုတ်ပါဘူး ဒီလိုပါပဲ သူ့တစ်လှည့် ကိုတစ်လှည့်ပေါ့"ရန်ကျော်၆ရက်လောက်ဖျားပြီး ထူထူထောင်ထောင်နဲ့နေပြန်ကောင်းနေပြီ ဒီကြားထဲသူ့ခဗျာ အတော်ခံလိုက်ရသည်
အကြံတွေလည်းထုတ်နေသည်
ဒီတခေါက်ကိစ္စကို လွယ်လွယ် နဲ့ကျော်မသွားနိုင်ဘူး
ဟုတ်တယ် သူဒီတစ်ခါခံရတာက အတော်ဆိုးတယ် လုံးဝပဲ
လက်စားပြန်ချေရမှကြေနပ်နိုင်မှာ
အရေးကြိးဆုံးက သူ့ကြက်ဖတွေကိစ္စကို ဒဲ့ သွားရှင်းဖို့ပင်
အဲ့တာကြောင့် သူ လိပ်ရှရွာရဲ့ ထန်းတောကိုရောက်နေသည်
ခနေနဆို ဝန်းရံပိုင်ရောက်တော့မှာသိနေလို့သူ ကြိုစောင့်နေခြင်းဖြစ်သည်
"aww ဘယ်သူများလဲ လို့ အုန်းကွဲရွာရဲ့ ဂုဏ်သရေရှိ ကိုရန်ကျော်ပါလား" ဝန်းရံပိုင်း တွေ့တွေ့ချင်းစကားဆိုလိုက်လေသည်
"inn မင်းအဖေ ငါ က ငါ့သားလေးကိုတွေ့ချင်လို့လေ အဲ့တာကြောင့် ထန်းတောကနေကြိုစောင့်နေရတာပေါ့ သားလေးရ."ရန်ကျော်ကလည်း ခနဲ့တဲ့တဲ့စကားဆိုတယ် သူသိတယ် ဝန်ရံပိုင်ကိုလုံးဝအနိုင်ရအောင်ပိုင်းမှာ တွေ့ကြသေးတာပေါ့ ဝန်းရံပိုင်ရာ စိတ်ထဲ ကြုံးဝါးပြီး နှစ်ယောက်သား ရန်ပွဲစလေတော့သည်
"ဘောကိုမင်း သား ပါလား မင်းသားတော့မဖြစ်နိုင်ဘူး အေးဖြစ်ချင်းဖြစ်. မင်းလင်တော့ ဖြစ်လိမ့်မယ်...."ဝန်းရံပိုင်ပြန်ချေ ပ သည်
သူသိတယ်လေ ဒီလိုပြောရင် ရန်ကျော် ရှူးရှူးရှဲရှဲ ဖြစ်သွားမယ်ဆိုတာကို...
"နေစမ်းပါအုံး ဝန်းရံပိုင် မင်းမိဘတွေက မင်းကို အငတ်ထားတာလား? မင်းအိမ်ကမင်းကို ဘာမှမကျွေးဘူးလား? သူများကြက်တောင်ခိုးစားရတယ်ဆိုတော့လေ"
"aww ဘာများလဲ လို့ မင်းက ကြက်ကိစ္စလာပြောနေတာကိုး...အဲ့ကြက်က ငါခိုးတာမဟုတ်ဘူး လမ်းမှာတွေ့လို့ ငါကဒီတိုင်းဖမ်းလာတာ"
"ငါ့ကြက်ဆိုတာသိသိကြိးနဲ့ မင်းက ချက်စားတယ်ပေါ့လေ ဟုတ်လား...."?
ရန်ကျော်တို့ပေါက်ကွဲလေပြီ အရှေ့မှာ မက်တပ်ရပ်နေတဲ့သကောင့်သားကတော့ သူမလုပ်သလို လက်ကလေးပိုက်လိုက် ပုခုံးလေးတွန့်ပြလိုက်နဲ့ ကလေးလေးလို မသိခြင်ထောင်ဆောင်ကာ ပြန်ဖြေနေလေသည်
"a မင်းမှတ်ထား ဝန်းရံပိုင် မင်းငါ့ကြက်အတွက် လျော်ကြေးပြန်ပေးရမယ်မှတ်ထား...."
"ဘယ်လောက်လည်း တစ်သောင်း လား နှစ်သောင်း လား ပြောပြောပြော ငါလည်းအာရုံနောက်တယ် မင်းတောင်းတော့လည်း ပေးရမှာပေါ့"
"ဟျောင့် မင်းလူစကားပြော ငါ့အတွက်ငွေမလိုဘူး မင်းမှတ်ထား ဒီကိစ္စက ဒီအတိုင်းကျော်သွားမယ့်အထဲမှာမပါဘူး မှတ်ထား"
ပြောပြီး ပုခုံးချင်းတိုက်ကာ ရန်ကျော်တို့ထွက်သွားလေပြီ...
ဝန်းရံပိုင်ကတော့
"အဟက်...စွာစိလန်နေတာပဲ ယောက်ျားလေးဖြစ်ပြီး မိန်းကလေးသာဆို သူ့အလုပ်အကိုင်က ငွေတိုးချေးစားရင် တိုးပွားချမ်းသာမှာ...ဟားဟားဟား.."
"မင်းကလည်းကွာ ငါ့မွာ တော့လန့်နေတာပဲကွာ."
"မင်းကကြောက်တာကို အရှည်ကြီးက သူငါတို့ကိုမချပါဘူး ၅ယောက်၎ယောက်နဲ့လူမမျှဘူးလေ တကယ်လို့ချရင်လည်း သူတို့ခံရမှာ အဲ့အကောင်အဲ့လောက်သွေးမရဲဘူး အေးဆေးကြောက်မနေနဲ့"
KAMU SEDANG MEMBACA
ငါတာဝန်ယူမယ် မင်း ကို (complete)
Cerita Pendek... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး" ... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး"