၃
"တောက်!မကြေနပ်ဘူး လုံးဝကို "
"ဟုတ်တယ် အဲ့ကောင်လာကတည်းက ငါတို့မယုံကြည်သင့်ဘူး"
"အေးကွာ. ခုဆို ဘယ်လောက်တောင် ကြိပ်လှောင်နေကြမလည်းမသိဘူး"
"တော်တော့ ဆက်မပြောနဲ့တော့ အဲ့အကောင်ကို လက်စားပြတ်ချေရမယ်..."
"ဟုတ်တယ် လက်စားပြန်ချေရမယ် "
"မင်းတို့ ကူညီမယ်"
"ကူညီမှာပေါ့ ငါတို့လည်းခံထားရတာပဲ ကူညီမယ် ကူညီမယ် "
"ok ပြီးတာပဲ ခုတော့ ငါလက်စားချေဖို့စဉ်းစားလိုက်အုံးမယ်"
"အေး""ဟျောင့် ရန်ကျော် မင်းကလည်း ဒီမာရှိမယ်လို့ဘာလို့မပြောတာလည်း ငါတို့ကတော့မင်းအိမ်သွားရှာနေတာ"
"မင်းတို့ကလည်း ဒီအချိန်ဆို အိမ်မှာ မရှိရင် ငါဒီရေတံခွန်ကိုလာတာသိရဲ့သားနဲ့ တခါတည်း မလာခဲ့ပဲနဲ့ အိမ်ကိုသွားနေသေးတယ်"
"နေစမ်းပါအုံး မင်းကိုဘုန်းကြီးက ခေါ်မဆူဘူးလား"
"inn အခုထိတော့ဘာ အသံမှမကြားရသေးဘူး ဘုန်းကြီးအသံလည်းမကြားရသလို ဟိုအကောင်လည်း ငြိမ်နေတယ် ဘာတွေကြံနေလည်းမသိဘူး အဲ့အကောင်"
"ဘာလည်း မင်းက မင်းချစ်ချစ် ကိုလွမ်းနေတာလား"
"ဘောကို မင်းချစ်ချစ် ကို လွမ်းပါလား မင်းပထွေးကိုချစ်နေလိုက်"
"ဟားဟား ဟားးး"
"ယားလိုက်တာကွာ ..."
"မင်းရေမချိုးလို့နေမှာပေါ့ ကြက်ကင်ရ.."ဟားဟားဟား ပြောပြီးသူငယ်ချင်း တစ်စု ဟားတိုက်နေကြသည်
"အိုက်ယား.မဟုတ်သေးဘူး နော် ငါလည်း...ယား....လာပြီ..."
"မင်းလည်းရေမချိုးလို့နေမှာ ရန်ကျော် ညစ်ပတ်လိုက်တာ ရေလည်း မချိုးကြဘူး ဟားးး ဟားဟား "
ကျန်နှစ်ကောင်ပြောပြီရီနေပေမယ့် ဟို၂ကောင်ကတော့ ရှယ် ကုပ်နေရပြီ မကြာပါဘူး ကျန်တဲ့၂ကောင်ပါ ယားလေသည်
"ဟာ ဒါဘာ အမှုန့်တွေလည်း.."
"ဟာ.. ခွေးသျား သီးတွေက ဟာ ပြေး ပြေးပြေးပြေး.."
"ငါ.ငါ.ငါတို့က. ဘယ်ပြေး.ရမှာလည်း ရန်ကျော်.ဟာ ယားလိုက်တာကွာ..."
"ဒီတတောင်းစားကလည်း.. ဒီလောက်ယားနေတာကို.. ရေထဲ ဆင်းပြေးပေါ့ကွ"
ပြောပြောဆိုဆို နဲ့လေးယောက်သားရေထဲဒိုင်ဗင်ထိုးချလေပြီ
ဒါမဲ့အဆင်မပြေပါ ရေထဲမှာလည်း ယား တာကရပ်မသွားပေ
အင်း ရေတံခွန်ထိပ်ကနေ ခွေးသျားသီး မှုန့်တွေစီပြီး မျောချမပေးတော့ရင် အယားရပ်ရင် ရပ်သွားမှာပေါ့
VOCÊ ESTÁ LENDO
ငါတာဝန်ယူမယ် မင်း ကို (complete)
Conto... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး" ... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး"