ရန်ကျော်တို့ အိမ်အသစ်ကိုပြောင်းလာလေသည်
အကုန်လိုလေစေ့မရှိ ၂ဖက်မိဘတွေကအကုန်လုံးအစစအရာရာအကုန်ဖြည့်ပေးထားသည်
သူတို့ဘာပစ္စည်းမှထပ်ထည့်စရာမလိုတော့ပေ
ရိုးရာဓလေ့အတိုင်း အိမ်သစ်တက်ပွဲတွေ လုပ်ပြီးသွားတော့ အေးအေးဆေးဆေး နေရမယ့်အချိန်ကိုရောက်လာပြီ
အိမ်လေးက ၂ထက်အိမ်လေးနဲ့ ဝရံတာလေးပါထုတ်ပေးထားသည်
အောက်ကိုအုတ်ခုံခံထားပေးပြီး အပေါ်က ကျွန်းသားတွေအကုန်သုံးပေးထားသည်
အိမ်လေးကအသစ်လေးဆိုတော့ချစ်စရာလေး နေချင်စရာလည်းကောင်းတယ် သပ်သပ်ရပ်ရပ်လေး လည်းဖြစ်တယ်
ဒီလိုအိမ်လေးကိုဆောက်ပေးတဲ့ ၂ဖက်မိဘတွေကို အတော်တော့ကျေးဇူးတင်ရမည်ဖြစ်သည်
"အား....ဒီနေ့ပင်ပန်းလိုက်တာကွာ"
ရန်ကျော်ရယ်ပါ သူလည်းဘာမှလည်းကူမလုပ်ရပဲနဲ့ ဝန်းရံပိုင်ပဲလုပ်သွားတာ အကုန်လုံးကို
"ငါငြီးဖို့ထားပါအုံးကွာ. မင်းကလည်း"
"အသိဘူးကွာ..ပင်ပန်းတယ် အိပ်တော့မယ် "
"အမ်..ရေမချိုးဘူး လား?"
"အချိန်လည်းကြည့်အုံးဟ ငါ့ကိုအအေးပတ်သေအောင်လုပ်နေတာလား ဘာလည်း?မင်းကငါမရှိမှ နောက်မိန်းမယူရမှာမို့လို့လား အဲ့ဆိုရင်တော့ငါသေတဲ့ထိစောင့်မနေနဲ့ အခုယူလည်းငါကဘာမှမပြောဘူး!"
ပြောပါတယ် ဘာမှမလုပ်ပဲ ပင်ပန်းနေပါတယ်ဆိုမှ သူကဘာမှမလုပ်တော့ချွေးမထွက်ဘူးလေ
ဝန်းရံပိုင်ကတော့ချွေးတွေနဲ့စေးကပ်ကပ် ဖြစ်နေလို့ ရန်ကျော့်လည်းသူ့လိုဖြစ်နေမလားလို့မေးကြည့်တာကို
အဲ့ကောင်လေး က အဓိပ္ပါယ် ကောက်တာလွဲသွားပြီး ရန်လာတွေ့နေတယ်
"မဟုတ်ပါဘူး ကြာ မင်းရေမချိုးဘူးမလား ရတယ်မချိုးနဲ့ ဒိတိုင်းအိပ် ပြီးရင် အဲ့နောက်မိန်းမ နောက်မိန်းမ ဆိုတာကြီးကိုထည့်မပြောနဲ့. ကြားလား"
ပြွတ်
အိပ်ယာပေါ်တက်အိပ်နေတဲ့ရန်ကျော်ကို ဆုံးမပေးရင်း.နမ်းသွားသေးတယ်
အား...ဒိအကောင်ကတော့ဘာတွေလာလုပ်နေလို့ လုပ်နေမှန်း မသိဘူး
ခူလည်းမပြောမဆိုနဲ့နမ်းသွားသေးတယ် ဒီကသူအနားကပ်လာရင်ကို ရင်ခုန်ပါတယ်ဆိုမှ အဲ့အကောင်ကတော့နော်
တော်ပြီ မတွေးတော့ဘူး အိပ်တော့မယ် သူပင်ပန်းနေပြီ
အပြင်ပန်းပင်ပန်းနေတာထက် သူ့နှလုံးသားကို လိမ်လည်ထားရတာပိုပင်ပန်းပါတယ်လေ ဟင်း....
ဝန်းရံပိုင် ရေချိုးပြီးပြန်လာတော့ကောင်လေးက အိပ်နေပြီ အတော်ပင်ပန်းသွားတယ်ထင်ပါတယ်
အင်းလေ အိမ်သစ်တပ်ပွဲဆိုတော့လည်း ဒီလောက်တော့ရှိမှာပါပဲ
သူလည်းပင်ပန်းနေပြီမို့ ကောင်လေး နှဖူးလေးပေါ်အနမ်းလေးတစ်ပွင်လချွေပြီး.အိပ်စက်ခြင်းဆီသို့...
"မြ..အိမ်မက်လှလှမက်ပါစေ နော်"
CZYTASZ
ငါတာဝန်ယူမယ် မင်း ကို (complete)
Krótkie Opowiadania... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး" ... "ငါမင်းကို လက်ထက်မယ် ရန်ကျော်" "ဆုတောင်း ဝန်းရံပိုင် ငါတို့ကယောကျာ်းလေးတွေ တခါမှားတာနဲ့ ဘာမှဖြစ်မသွားဘူး မလိုဘူး"