10

316 18 0
                                    


"သွားမယ် "..
"ဘယ်လည်းမလိုက်ချင်ဘူး...ဘယ်မှ."
မန်ကျည်းပင်အောက် တာတေစာအုပ်ဖတ်နေတဲ့ရန်ကျော်ကိုခေါ်လိုက်ခြင်းဖြစ်တယ်
"ဟာ ဘုန်းကြီး ဆီသွားမလို့ အပြန်အရီးလေးဆီဝင်မလို့"
"မလိုက်ချင်ဘူး ကို့ဘာကိုသွား....သွားစမ်းပါကွာ အေးဆေးနေစမ်းပါ.... အာရုံလာနောကမှနနေ့ဲ့..."
ရန်ကျော် စာအုပ်ဖတ်နေတာကို အာရုံလာစားနေတဲ့ ဝန်းရံပိုင်ရယ်ပါ
ဘာတွေစိတ်ကူးပေါက်လည်းမသိ ကျန်တဲ့အချိန်ဆို စကားတောင်ပြောချင်မှပြောတာ ခုတော့ ဇွတ်ခေါ်နေတာပဲ ရန်ကျော် တို့ကတော့ no par
"သြားပါမယ်ဆိုကြာ..လိုက်ခဲ့စမ်းပါ မင်းကလဲ "..
"မလိုက်ချင်ဘူး ကြာ..သွားစမ်းပါ ကို့ဘာကို... "
ဝန်းရံပိုင်တို့ကလည်း မရရအောင်ခေါ်ဖို့ အစီစဉ် ရှိတယ် အဟင်းဟင်း..အကြံဇိုးကြိးကတော့ ဘေးခနဖယ်ထားတာပေါ့ နော့်...အဟမ်း.. ဟမ်း..နောက်ဆုံးလက်နက်ထုတ်သုံးရတော့မယ်လေ..
"ယောက်ျား......"
ရန်ကျော်တို့ ပြူးသွားတယ်... မျက်လုံး
ဘယ်လိုအသံကြိးတောင်လား....
ဝန်းရံပိုင်...အသံရှည်ဆွဲ ပြီး ခေါ်နေတာ
သူကလေ....
အမ်....ဘယ်လိုတောင်လား
ရန်ကျော် ခေါင်းထဲ...ကော်ရှင်မက်ပေါင်း..များစွာဖြစ်သွားသည်
ဟိုမ​အေဘေးကြည့်တော့လည်း မျက်နာ က စပ်ဖြီးဖြီးနဲ့....
"အာ... ယောကျာ်း လို့..သွားရအောင်.. လို.နော်..လို့..."
"ဟာ ဘာရုပ်ကြီးတုန်းကွာ မင်းငါ့ကို အဲ့လိုကြိး မပြောစမ်းပါနဲ့ကွာ ငါကြက်သီးထ လွန်းလို့ပါ.ပြီးတော့ ယောက်ျားလို့လည်း မခေါ်နဲ့ နားခါးတယ်.. "
"အဲ့တာဆို ငါနဲ့လိုက်ခဲ့လေ.. လိုက်ခဲ့ရင်မခေါ်ဘူး....မလိုက်ဘူး.....ဆိုရင်တော့....."
."လိုက်ခဲ့ရင်ပြီးတာပဲမလား ..မင်းအပေါက်ပိတ်ထား..သွားမယ်..လာ"
နှစ်ယောက်သား ဘုန်းကြီး ကျောင်းသို့ ဥိးတည်ခဲ့လိုက်သည်
ဟိုရောက်တော့ သူ့အမေက ကျောင်းအတွက် လိုတာလေးတွေစာရင်းရေးပြီး ပေးလိုပ်ဖို့လျောက်တင်တာပင်ဖြစ်လေသည်
အပြန်အရီးလေးဆီဝင်ပြီး ပိုက်ဆံပေးနေတာတော့တွေ့သည်
အရီးလေးဆီကပြန်တော့ သကောင့်သားက ထန်းရေဝိုင်းဝင်လေသည်
သူ့သူငယ်ချင်းတွေ နဲ့သာ မတွေ့ရင် ဝင်ဖြစ်မည်မဟုတ် ခုတော့
"မင်းက ဘာအကြံနဲ့ ငါ့ကိုခေါ်လာတာလည်း"?
"ဟာဗျာ... ဘာအကြံမှမရှိဘူး မင်းလည်းတွေ့တာပဲ ငါမင်းနဲ့ပဲနေနေတာလေ ငါ့ကုသိုလ်ကံကောင်းတော့ အခုလိုဖြတ်သွားတာတောင် ထန်းရေသောက်ရတယ်မြင်လား"
"မင်းစကားမပြောပဲနဲ့ မြန်မြန်​သောက် ပြီးရင်သွားမယ် ငါဒီထန်းရေကိုကြာကြာမကြည့်ချင်ဘူး"
ရန်ကျော် ထနရေကြောင့်ယောက်ျားရသွားတာကိုမ​ကြေမခဲဖြစ်ပြီး နောက်ပိုင်း ထန်းရေရောအရက်ရောသိပ်မသောက်ဖြစ်တော့ပေ
ဝန်းရံပိုင် ကသပ်သပ်ရုပ်ပတ်တာ ရန်ကျော်ထန်ရေမသောက်တော့မှန်းသိလို့ အရှေ့ကနေ တမင်အချိန်ဆွဲ ပြီးသောက်ပြနေတာ....
"မင်းသောက်နေတာ မပြီးသေးဘူး လား မင်းနေရင်နေခဲ့ ငါ့ဘာသာအရင်ပြန်တော့မယ်ကွာ "
ရန်ကျော်ပြောပြီး ထမယ်အလုပ် လက်ကနေကိုင်ပြီးပြန်ဆွဲချတော့ ဝန်းရံပိုင်ရင်ခွင်ထဲတန်းကနဲပဲ
ဘေးကကြည့်နေတဲ့လေးယောက်ကိုတော့မသိချင်ယောင်ဆောင်ပေးလိုက်ကြပါ
"အမေ့...အာ ဝန်းရံပိုင် မင်း..ဒါဘာလုပ်တာလည်း...လွှတ်..ငါ့လက်ကို"....ရုန်း၍လည်းမရ ဒီသကောင့်သားက ဘာတွေစားပြီး အားတွေရှိနေလည်းမသိဘူး
ရုပ်ကိုက ငခူပြုံးကြီးနဲ့....
"ပြန်ပါမယ် မင်းကလည်း ငါနဲ့ပဲတူတူပြန်မယ် ဒါမဲ့ ဒီလက်ကိုလွှတ်စေချင်တယ်ဆိုရင် ...ငါ့ကို.....~ယောက်ျားရေ ပြန်ရအောင်.နော်.~လို့ချိုချိုသာသာလေးပြော အဲ့ဆိုလက်လည်းလွှတ်ပေးမယ် ပြန်လည်းပြန်မယ် ဘယ်လိုလဲ "?
"သေလိုက်... အဲ့နားမှာလဲသေရုံမကလို့ ငါ့တို့ရွာထိခြေဆန့်ပြီးသာသေလိုက်...မပြောဘူး..."
"အဲ့ဆိုမပြန်ရဘူးနော်...ပြီးတော့....ဒီလက်ကိုလည်း....လွှတ်မပေးဘူး"
လက်ချောင်းတွေကို အချင်းချင်း ယှက်သွယ်ထားပြီး ဆိုလေသည်
ကျန်တဲ့လေးကောင်ကတော့ တစ်ယောက်ကိုတစ်ယောက်မျက်စပြစ်နေလေပြီ
"ဝန်းရံပိုင်ရယ်. မင်းမရစ်စမ်းပါနဲ့ကွာ...မူးနေရင်အေးဆေးနေလိုက်ပါနော်"
"no..ငါဘဝမှာမူးတယ်ဆိုတာမရှိဘူး..ကဲ ကြာတယ်.ပြောမှာလား မပြောဘူးလား မြန်မြန်လုပ်..မင်းသေချာစဉ်းစားနော်.ဒါလေးပြောရတာ ခနလေးရယ်..မင်းမပြောပဲနေရင်ငါက..မပြောအချင်းလက်မလွှတ်ပေးဘူး...မင်းက..ငါ့လက်ကိုအကြာကြီး...ကိုင်ထားချင်တယ်ဆို..မပြောလည်းရပါတယ်လေ..."
ဒါပဲ ဝန်းရံပိုင်ဆင်ထားတဲ့အကွက်က သူ့သူငယ်ချင်းတွေ ရှေ့ ရန်ကျော်ကို ဒီလိုချစ်စနိုးနဲ့စဖို့ပင်
အင်းသူလည်းလေသံချိုချိုလေး နားထောင်ချင်တာလည်းပါတာပေါ့လေ
"ယောက်ျားရေ...အိမ်ပြန်ရအောင်နော်..."
တစ်ခါ လုံးဝတစ်ခါတည်းကို ရန်ကျော်တို့ ရှိသမျှ သတ္တိတွေရော အရှက်တွေရော စုပြီးပြောလိုက်ရခြင်းပင်
သူကသာပြောလိုက်တာ ဟိုမအေဘေးကကြားရောကြားရဲ့လားမသိပေ
သူလှည့်ကြည့်တော့ အံ့သြနေတာ အသက်ထွက်သွားသလားတေညင်အောက်မေ့ရတယ် ပါးစပ်ကြီးဟပြီး
ဝန်းရံပိုင်မထင်ထားပေ သူပြောလိုက်ပေမယ့်ရန်ကျော်တကယ်ကြီး ပြန်ပြောမယ်လို့
ဘယ်လိုတောင်လား သူ့ကို*ယောကျာ်း *တဲ့လေ ဒါတောင် သူနဲ့စကားတွေပြောတဲ့အထဲအချိုသာဆုံးအသံနဲ့ နားထဲကို သကာတွေလောင်းထဲ့လိုက်သလားပဲ ချိုလိုက်တာမှလွန်ရော
ပြောပြီးကောင်လေးကရှက်နေတာလားမသိ(အယ့်လယ့် နင်ကို့ကိုကိုယ်အထင်ကြီးသွားပြီ ဟိုကသူ့စိတ်ထဲနင့်ကိုသေပြီထင်နေတာ ပါးစပ်ဟောင်းလောင်းကြီးဖြစ်နေလို့လေ)😹
ရန်ကျော်ပြောပြီးလက်ဆွဲ ဖြုတ်ပြီးသာထွက်လာတော့သည်
ဝန်းရံပိုင်ကတော့ကြောင်အပြီး နောက်မှအသိဝင်လာပုံရတယ် ခုမှအနောက်ကနေ သူငယ်ချင်း တွေနှုတ်ဆက်ပြီးပြေးလိုက်လာတယ်
သူ့သူငယ်ချင်းလေးယောက်ကတော့ အံ့သြလွန်းလို့ မေးရိုးပြုတ်ပြီးကျန်ခဲ့လေပြီ
ရန်ကျော်စိတ်ထဲတွင်တော့ ဒီအကြွေးကို သူ့ရွာပြန်ရောက်မှ အတိုးရော အရင်းရောပေါင်းပြီး လက်စားချေတော့မယ်လို့ ဆုံးဖြတ်ချက်ချထားလေပြီ
~တွေ့ကြသေးတာပေါ့ ဝန်းရံပိုင် ရာ အဟင်းဟင်း ~





ငါတာဝန်ယူမယ် မင်း ကို (complete) Tempat cerita menjadi hidup. Temukan sekarang