Zawgyi
ဒီမနက် ငှက်သေတွေ လမ်းမထက်မှာ မြင်မဆုံးပဲ။
ဒါပေမယ့် လူတွေက ရာသီဥတုကိုသာ အပြစ်လွဲချသွားတယ်၊
ကျွန်တော်တို့မြို့မှာလည်း တစ်ချို့လူတွေ ဖျားနာနေကျပြီ၊
အဲ့တာ မြို့နှစ်မြို့ကြားက ဓာတ်ငွေ့ယိုစိမ့်ပြီးနောက်မှာ ဖြစ်လာတာပဲ...။
ဟူး... လူတွေ အဲ့ငှက်အသေတွေနားက ဝေးဝေးနေရင်ကောင်းမှာပဲ
အဲ့တာ တတိယရက်။
--------------
*ဝုန်း* *ဒုန်း*
ခေါင်မိုးထပ်ကနေ အရှိန်ပြင်းစွာ ကျလာတဲ့အသံတွေကြောင့် ပုန်းညက်ခြွေနိုးလာတော့သည်၊မနေ့နေ့လယ်ခင်းတည်းက အိပ်နေတာကြောင့် ကျယ်လောင်တဲ့ထိုအသံတွေဟာ သူ့အား နိုးသွားစေတော့သည်၊
[5AM]
ငါးနာရီပဲရှိသေးတာကို ဘယ်ကကောင်တွေ အဆောင်ခေါင်မိုးကို ခဲလာထုနေရတာလဲ၊ပုန်းညက်ခြွေ စိတ်ရှုပ်စွာဖြင့် အိပ်ယာထဲကနေ ထလိုက်ပြီး ဝရံတာတံခါးဖွင့်ကာ ထွက်ကြည့်လိုက်တော့သည်၊
သူတံခါးပွင့်ချိန်မှာ ဘုတ်ခနဲကျလာသံတွေကြားလိုက်ရတာကြောင့် ကျလာတဲ့အရာကို ကြည့်လိုက်ချိန်မှာ ပုန်းညက်ခြွေလန့်ကာ အနောက်ဆုတ်သွားတော့သည်၊
"ငှက်...သေတွေလား" ပုန်းညက်ခြွေ သူရဲ့တုန်ယင်နေတဲ့အသံကိုပင် မထိန်းနိုင်စွာ ပြောချိန်မှာ တစ်ခြားလူတွေဟာလည်း နိုးလာပုံရပြီ ကျောင်းသားတစ်ယောက်ရဲ့အသံကျယ်ကျယ်ကို ကြားလိုက်ရသည်၊
"Fuck!!! သားရီးတို့ ဒီမှာ ငှက်သေတွေဟ!!"
"ဘာရပ်ကြည့်နေတာလဲ ကျန်တဲ့ကောင်တွေပါ နိုးလိုက်လေ"
"ဝိုးးးးး ပွပေါက်ပဲဟ"
ပုန်းညက်ခြွေ တစ်ခြားကျောင်းသားအသံတွေကို မကြားနိုင်တော့ပေ၊ငှက်ူသေတွေကိုကြည့်ကာ ကြောက်ရွံနေတော့သည်၊
တစ်ခြားသူတွေ မသိသေးတဲ့အကြောင်းအရင်းတစ်ခုရှိသည်၊အဲ့တာ ပုန်းညက်ခြွေဟာ ကြောက်တတ်လွန်းတဲ့ကောင်လေးတစ်ယောက်ဆိုတာကိုပေါ့၊သူဟာ ဘာမှမဟုတ်တဲ့အကြောင်းအရာလေးကိုတောင် ကြောက်တတ်ပြီး အန္တရာယ်ကိုလည်း အလွယ်တကူခံစားနိုင်တာ သာမန်လူတွေထက်ပင် အကြောက်တရားကြီးလွန်းသည်၊
YOU ARE READING
System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)
FantasyStarted date:22:2:2022 End date : ????? Main title- ကမ္ဘာပျက်ကိန်းဆီသို့ Season-1 ပထမရက် ကောင်းကင် မြူဆိုင်းလာသည်၊ဓာတ်ငွေ့ယိုစိတ်မှုတွေ ဖြစ်ပေါ်လာသည်၊ ရေတွေအနည်ကျလာပြီး ဘတ်တီးရီးယားမျိုးစိတ်အသစ်ပေါက်ဖွားလာသည်၊ animalတွေ ထူးဆန်းလာသည်၊ ဒုတိယရက် ရုတ်...