Zawgyi
"ဒါက..." မင်းခန့်သော်တာမှာ တီဗီမှာတက်လာတဲ့သတင်းတွေကြောင့်ကော၊အွန်လိုင်းက liveတွေကြောင့် အမူအရာကဖြူဖျော့သွားတော့သည်၊ အမှန်ပြောရရင် မနေ့ညကထိ သူလုံးဝကိုမယုံသေးပေ၊
ဈာန်ဝံ့မာန်က သူ့ကိုအသေးစိတ်မပြောပြပေမယ့် မင်းမိသားစုနဲ့မင်းလာခဲ့လို့ပြောခဲ့သည်၊ဒါပေမယ့် မင်းခန့်သော်တာက ဈာန်ဝံ့မာန်စနောက်နေတာကြောင့် သူ့မိဘတွေမခေါ်လာခဲ့ပေ၊ပြီးတော့ သူ့အဖေကဖျားနေတာကြောင့်လည်းပါသည်၊
ဈာန်ဝံ့မာန်ရဲ့နောက်တဲ့သူငယ်ချင်းကတော့ စိုင်းဖြစ်ပြီး မိဘမဲ့တစ်ဦးဖြစ်တာကြောင့် စိုးရိမ်စရာများမရှိပေ၊နောက်ပြီး သူက မင်းခန့်သော်တာထက် ပိုပြီးတည်ငြိမ်က အခြေအနေအမှန်ကိုလက်ခံနိုင်သူဖြစ်သည်၊
"ငါတို့ ဒီမှာတစ်လပဲ အခြေချနိုင်မှာ...အဲတာပြီးတာနဲ့ ထွက်ခွာကြရလိမ့်မယ်" ဈာန်ဝံ့မာန်က သူ့သူငယ်ချင်းနှစ်ယောက်ကိုခေါ်လိုက်သည်၊တကယ်တော့ သူက အတော်များများကိုခေါ်ခဲ့ပေမယ့် ဒီနှစ်ယောက်သာရောက်လာခဲ့သည်၊
"ဘယ်သွားကြမှာလဲ" စိုင်းကမေးလိုက်တော့ ဈာန်ဝံ့မာန်က ခေါင်းခါလိုက်သည်၊သူတို့မြို့ကြီးက ပျက်စီးသွားသလို ဒီအဖြစ်အပျက် အခြားမြို့တွေမှာပါဖြစ်ပျက်နေခြင်းဖြစ်သည်၊
"တကယ်တော့... ငါတို့တွေ ဓာတ်ငွေ့ယိုစိမ့်မှုနည်းပါးတဲ့မြို့ကို သွားလို့ရတယ်...အဲနေရာမှာလည်း ဇွန်ဘီအန္တရာယ်မကင်းပေမယ့်... အဆင်ပြေမယ်ထင်တယ်" ပုန်းညက်ခြွေက အကြံပေးသလိုဝင်ပြောလိုက်ပေမယ့် သူက အချက်အလက်အကုန်ကို မပေးချင်သေးပေ၊ဈာန်ဝံမာန်တို့ကိုယ်တိုင်ကလည်း သူစိမ်းတွေကို အချက်အလက်တွေကို လိုတာထက်ပိုမပေးဖို့မှာထားသေးသည်၊
ကံဆိုးတာတစ်ချက်က ပုန်းညက်ခြွေလည်း အကုန်မသိပေ၊သူက အကြားမြင်တဲ့သူမဟုတ်ပဲ စာအုပ်ကိုဖတ်ထားတဲ့သူကဖြစ်ပြီး စာအုပ်ကဇာတ်မသိမ်းခဲ့ပေ၊စာအုပ်ထဲမှာတော့ ဂျီမြို့တော်မှာရှိတဲ့ခံတပ်ဟာ အန္တရာယ်အကင်းဆုံးဆိုတာကို သိထားသည်၊ဒါပေမယ့် ဒါက နောက်ထပ်ခြောက်လမှာသာဖြစ်ပြီး ကြိုပြောရင် အထင်လွဲဧရာကောင်းလိမ့်မည်၊
YOU ARE READING
System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)
FantasyStarted date:22:2:2022 End date : ????? Main title- ကမ္ဘာပျက်ကိန်းဆီသို့ Season-1 ပထမရက် ကောင်းကင် မြူဆိုင်းလာသည်၊ဓာတ်ငွေ့ယိုစိတ်မှုတွေ ဖြစ်ပေါ်လာသည်၊ ရေတွေအနည်ကျလာပြီး ဘတ်တီးရီးယားမျိုးစိတ်အသစ်ပေါက်ဖွားလာသည်၊ animalတွေ ထူးဆန်းလာသည်၊ ဒုတိယရက် ရုတ်...