Chapter -8(ကမ္ဘာပျက်ကိန်းမတိုင်ခင်-7)

262 42 3
                                    

Zawgyi

စာကြည့်ခန်းထဲ၌ ပုန်းညက်ခြွေက ဈာန်ဝံ့မာန်ရဲ့လက်ကိုဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားနေတော့သည်၊သူက ဘယ်လိုရှင်းပြရမလဲမသိဖြစ်နေပြီး တစ်ဖက်က သူ့ကို ရူးနေလားဆိုပြီးပြောလာရင်း ဈာန်နဲ့သဘောမတူတော့ရင် ဘယ်လိုလုပ်မလဲ၊

ပုန်းညက်​ခြွေရဲ့နားထင်ကနေ ချွေးများစီးကျလာပြီး သူရဲ့မျက်နှာကလည်း ဖြူဖျော့လာတော့သည်၊

"အချစ်...ဘာမှမဖြစ်ဘူး" ဈာန်ဝံ့မာန်မှာ ပုန်းညက်ခြွေရဲ့ကြောက်လန့်နေတဲ့အ​ခြေအနေကြောင့် ချော့မော့ရင်းပြောလိုက်သည်၊

ဦးဂုဏ်ဝံ့မာန်နဲ့ဒေါ်နှင်းဆီနွယ်တို့ကလည်း နားမလည်သည့်အမူအရာဖြစ်နေကြပေမယ့် သူ(မ)တို့က ပုန်းညက်ခြွေကို ခက်ခဲမှုများမပေးပေ၊ပုန်းညက်ခြွေက စိတ်အေးအေးထားလိုက်ပြီး အသက်ကိုပြင်းပြင်းရှူကာမှုတ်ထုတ်လိုက်ပြီး စိတ်ကိုအဆင်သင့်ပြင်လိုက်သည်၊

"အန်တီနဲ့ဦးလေးကို ကျွန်တော်ပြောစရာရှိတယ်...တကယ်တော့ ကျွန်တော်ကအိပ်မက်တွေကနေ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မြင်ရတတ်တယ်...ဒါကထူးဆန်းတာမှန်ပေမယ့် အခုတလော ကမ္ဘာကြီးက ဇွန်ဘီကပ်ဘေးကိုကြုံရတော့မဲ့အကြောင်းတွေကို ကျွန်တော့်အိပ်မက်မက်နေခဲ့တယ်..."

"ဦးလေးတို့မယုံလောက်ဘူးဆိုတာသိပေမယ့် ကျွန်တော့်မိခင်က အကြားမြင်ဆရာမတစ်ဦးဖြစ်ပြီး ကျွန်တော်တို့မျိုးနွယ်ထဲမှာ ပန်းရောင်မျက်လုံးအရောင်ပါလာတဲ့သူတိုင်းကပဲ အနာဂတ်ကိုကြိုသိခွင့်ရတဲ့အမွေဆက်ခံသူကို လက်ခံရရှိတတ်ကြတယ်"

"ကျွန်တော်ရဲ့ပထမဆုံးအိပ်မက်က ငှက်မိုးရွာတာပဲ...ကမ္ဘာပေါ်မှာ ဘယ်ငှက်မျိုးစိတ်မဆို အကုန်သေဆုံးကုန်တာပဲ...ပထမက ကျွန်တော်မယုံခဲ့ပေမယ့် ကျွန်တော်အိပ်မက်တွေက မှန်ကန်ခဲ့တယ်"

"ဒုတိယအိပ်မက်က တိရစ်ဆာန်တွေရိုင်းစိုင်းလာပြီး ထူးဆန်းတဲ့မျိုးစိတ်တွေပေါ်လာတယ်၊ပြီးတော့ လူသားတွေကို တိုက်ခိုက်လာပြီး ပင်လယ်နဲ့မြစ်တွေက ညစ်ညမ်းလာတယ်...ဦးလေးနဲ့အန်တီ အွန်လိုင်းမှာရှာလို့ရပါတယ်၊"

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Donde viven las historias. Descúbrelo ahora