Zawgyi
Chapter -4 (ကမ္ဘာပျက်ကိန်းမတိုင်ခင်-3)
"ရှင်းသန့်ဟန် ပြော"
ဈာန်ဝံ့မာန်က မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ပုန်းညက်ခြွေကို လှမ်းကြည့်ရင်း ဖုန်းကိုင်လိုက်သည်၊
"အခြားသူတွေ မရှိဘူးလား"
"..."
"ကောင်းပြီ လာခဲ့လိုက်မယ် "
ပုန်းညက်ခြွေဆိုဖာနားရောက်လာရင်း ဈာန်ဝံ့မာန်စကားကြောင့် မျက်ခုံးတစ်ချက်ပင့်သွားပြီး လက်ဝါးနှစ်ဖက်ပွတ်ရင်း ဘေးမှာဝင်ထိုင်လိုက်သည်၊
"ကိုယ် အပြင်သွားစရာရှိလို့ လိုက်အုံးမလား"
ပုန်းညက်ခြွေ ဘာမှမမေးလာခင်မှာ ဈာန်ဝံ့မာန်က အရင်ဦးဆုံးပြောလာတာကြောင့် ပုန်းညက်ခြွေလည်း ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်၊
"ဘယ်သွားမလို့လဲ"
"အထက်တန်းတုန်းက သူငယ်ချင်းတစ်ယောက်ဆီလေ" ဈာန်ဝံ့မာန်က ပုန်းညက်ခြွေရဲ့အမေးစကားကို ပြန်ဖြေလိုက်ပြီးတော့ ဆိုဖာကနေထရပ်လိုက်ပြီး နံရံမှာ ချိတ်ထားတဲ့လွယ်အိတ်ကိုယူလိုက်သည်၊
"သွားရအောင်"
" အဝတ်မလဲတော့ဘူးလား" ဈာန်ဝံ့မာန်က အဆောင်မှာနေတာကြောင့် အဖြူရောင်လက်တိုရှပ်အင်္ကျီနဲ့ ဒူးကျဘောင်းဘီအမဲသာဝတ်ဆင်ထားတာကြောင့် ပုန်းညက်ခြွေမေးလိုက်သည်၊
"ကိစ္စမရှိဘူး ဆေးရုံကိုပဲ သွားရမှာလေ" ဈာန်ဝံ့မာန်က အဆောင်တံခါးကို ဖွင့်လိုက်ပြီးပြောလိုက်သည်၊
အဆောင်တံခါးဖွင့်ချိန်မှာ လေပူတွေက သူတို့မျက်နှာလာဟပ်တာကြောင့် ပုန်းညက်ခြွေမျက်နှာရှုံ့မဲ့သွားပြီး
"ညနေစောင်းနေတာတောင် ပူနေတုန်းပဲ..."
" အဝတ်ပြန်လဲမလား"
လက်ရှည်နဲ့ဂျင်းဘောင်းဘီရှည်ဝတ်ထားတဲ့ပုန်းညက်ခြွေကိုကြည့်ရင်း ဈာန်ဝံ့မာန်မေးလိုက်တော့ ပုန်းညက်ခြွေလည်း ခေါင်းညိတ်လိုက်ပြီး အခန်းထဲ ပြန်ဝင်သွားကာ အဝတ်သွားလဲလိုက်သည်၊
ESTÁS LEYENDO
System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)
FantasíaStarted date:22:2:2022 End date : ????? Main title- ကမ္ဘာပျက်ကိန်းဆီသို့ Season-1 ပထမရက် ကောင်းကင် မြူဆိုင်းလာသည်၊ဓာတ်ငွေ့ယိုစိတ်မှုတွေ ဖြစ်ပေါ်လာသည်၊ ရေတွေအနည်ကျလာပြီး ဘတ်တီးရီးယားမျိုးစိတ်အသစ်ပေါက်ဖွားလာသည်၊ animalတွေ ထူးဆန်းလာသည်၊ ဒုတိယရက် ရုတ်...