Chapter-7(ကမ္ဘာပျက်ကိန်းမတိုင်ခင်-6)

287 42 5
                                    

Zawgyi

ပုန်းညက်ခြွေက ဈာန်ဝံ့မာန်ရင်ခွင်ထဲကနေထွက်လိုက်ပြီး မွေ့ယာပေါ်ထိုင်ချလိုက်တော့ ဈာန်ဝံ့မာန်ကလည်းလိုက်ထိုင်လိုက်သည်၊

"တကယ်တော့...ငါဘယ်လိုရှင်းပြရမလဲ..."

"​မောင့်ကို အဲအကြောင်းသိစေချင်ပေမယ့် သိလည်းမသိစေချင်ဘူး" ပုန်းညက်​ခြွေက သက်ပြင်းချလိုက်ပြီး ပြောသင့်မပြောသင့်ပြန်တွေးလိုက်သည်၊သူက စာအုပ်ဇာတ်လမ်းအရ ဈာန်ဝံမာန်က အဓိကဇာတ်လိုက်နဲ့တွေ့ကာ ချစ်ကျွမ်းဝင်လိမ့်မည်၊ သူက လုယူနေတဲ့သူ သပ်သပ်များပဲလား၊

ပုန်းညက်ခြွေရဲ့အမူအရာလေးက ညှိုးနွမ်းသွားတာမြင်တော့ ဈာန်ဝံ့မာန်က ပုန်းညက်ခြွေရဲ့ပါးမို့လေးကို နမ်းလိုက်သည်၊

"အချစ်အတွက် ခက်ခဲတယ်ဆိုရင် မောင့်ကိုမပြောပြသေးနဲ့အုံးလေ"

"မဖြစ်ဘူး...ပြောပြမှရလိမ့်မယ် ဒါပေမယ့် ​မောင်က ငါ့ကိုယုံကြည်မှာလား"

"ဒါပေါ့ ဒီလောကမှာ ​မောင်ကသာအချစ်ကိုအယုံကြည်ဆုံးပဲ" ပုန်းညက်ခြွေက ဈာန်ဝံ့မာန်စကားများကိုကြားကို စိတ်သက်သာသွားတော့သည်၊

"တကယ်လို့ ငါတို့က စာအုပ်ထဲကဇာတ်ကောင်တွေဆိုတာ မောင်ယုံလား...ငါက စာရေးဆရာရဲ့အလိုအောက်ကနေ ရုန်းထွက်လာတဲ့ဇာတ်ကောင်တစ်ယောက်ပဲလေ..."

"မင်းက အဲစာအုပ်ထဲက အဓိကဇာတ်လိုက်ပဲ..."

"မောင်က စွမ်းအားကြီးတာပေါ့ ဒါဆို ​အချစ်က အဓိကဇာတ်ကောင်လား" ဈာန်ဝံမာန်ကပေါ့ပေါ့ပါးပါးပြောလိုက်ပေမယ့် ပုန်းညက်ခြွေရဲ့မျက်လုံးထောင့်များကနီရဲသွားတော့သည်၊

"မဟုတ်ဘူး...ငါက အစောကြီးသေသွားခဲ့တာ"

*ဝုန်း*

"ဘယ်လို! မဖြစ်နိုင်တာ! ကိုယ်က မင်းကိုမကာကွယ်ပေးဘူးလား!" ဈာန်ဝံ့မာန်က အတော်စိတ်တိုသွားပြီး ပုန်းညက်ခြွေပြောတဲ့ဈာန်ဝံ့မာန်ဆိုတဲ့ဇာတ်လိုက်ကိုကျိန်ဆဲလိုက်သည်၊

"အာ...တကယ်တော့ ငါတို့က ကမ္ဘာပျက်ကိန်းဆိုတဲ့ခေါင်းစဉ်အောက်က ဇွန်ဘီကပ်ဘေးကြားကဇာတ်လမ်းထဲမှာလေ...နောက်နှစ်ရက်နေရင် ဇွန်ဘီကပ်ဘေးစိုက်တော့မှာ...ဒါကြောင့် မောင့်ဆီကနေပိုက်ဆံပါချေးပြီးတော့ ငါအစားအသောက်တွေဝယ်လိုက်တာ" ပုန်းညက်ခြွေကပြောလည်းပြော၊ပစ္စည်းများကိုလည်း ထုတ်ပြလိုက်သည်၊

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Donde viven las historias. Descúbrelo ahora