Chapter -3(ကမ္ဘာပျက်ကိန်းမတိုင်ခင်-2)

451 65 0
                                    


Zawgyi

Systemဆီကနေ တာဝန်ကျလာချိန်မှာ ပုန်းညက်ခြွေအနည်းငယ်တော့ အံ့သြသွားတော့သည်၊ဈာန်ဆီကနေ ချစ်ခွင့်ပန်အောင် လုပ်ရမယ်ဆိုတာ လွယ်ကူမည့်ကိစ္စတော့မဟုတ်ပေ၊

တကယ်လို့ သူသာ ဈာန်အပေါ် စိတ်ဝင်စားနေကြောင်း အရိပ်အယောင်ပြလိုက်ရင်ကော၊

"ပင်ပန်းနေရင် ကိုယ့်ပေါင်ပေါ်လှဲလိုက်လေ..." ဈာန်ရဲ့အသံကြောင့် ပုန်းညက်ခြွေလည်း သိပ်မစဉ်းစားတော့ပဲ ပေါင်ပေါ်ကိုသာလှဲအိပ်လိုက်သည်၊

ဈာန်က တစ်ခါတလေ 'ကိုယ်'ဆိုပြီး သုံးတတ်တာ ငယ်ငယ်တည်းကဖြစ်ပြီး ထိုသို့သုံးတာက သူ့ကို ပိုပြီးရင့်ကျက်စေတယ်တဲ့၊အရင်ကတော့ ပုန်းညက်ခြွေ အသေရယ်ခဲ့ပေမယ့် အခုကျတော့ အတော်ကိုနားထောင်လို့ကောင်းပြီး ရင်တောင်ခုန်မိသည်၊

ဈာန်ဝံမာန်ရဲ့ကိုယ်သင်းနံ့ကို ပုန်းညက်ခြွေသဘောကျသည်၊လတ်ဆတ်ပြီးတော့ လေးလေးပင်ပင်ရနံ့မျိုးပင်၊ဒီရနံ့မျိုးကိုတော့ ပုန်းညက်ခြွေသဘောကျလှသည်၊

ပုန်းညက်ခြွေက ခေါင်းကို စောင်းလိုက်တော့ ဈာန်ဝံ့မာန်ရဲ့ဝမ်းဗိုက်နဲ့မျက်နှာက အနည်းငယ်တန်းသွားပြီးနောက်မှာတော့ ပုန်းညက်ခြွေက ဈာန်ဝံ့မာန်ရဲ့ဝမ်းဗိုက်ကို လက်ဝါးနဲ့ကပ်လိုက်သည်၊

အင်္ကျီခံထားတာတောင် အဖုအထစ်တွေကို စမ်းမိပြီး စိတ်ထဲ ရင်လည်းခုန်သလို မနာလိုလည်းဖြစ်နေမိသည်၊

"ဂိမ်းဆော့နေတာကို နှောင့်ယှက်နေတယ်..." ဈာန်ဝံ့မာန်က ပုန်းညက်ခြွေကို ငုံ့ကြည့်ရင်း ရယ်မောကာပြောလာတော့သည်၊ဒါကြောင့် စိတ်ထဲလည်း အနည်းငယ်မကျေမနပ်ဖြစ်သွားပြီး ဈာန်ရဲ့ရှပ်အင်္ကျီကို ပင့်မလိုက်ပြီး လက်ကို လျှိုသွင်းလိုက်သည်၊

"ပုန်းညက်!" ဈာန်ဝံ့မာန်က အနည်းငယ်လန့်သွားပြီး ပုန်းညက်ခြွေရဲ့လက်လေးကို ဖမ်းလိုက်သည်၊

"ဘာဖြစ်လို့လဲ... မင်းပဲ ကိုင်ခိုင်းခဲ့ပြီးတော့..." ပုန်းညက်ခြွေက မကျေမနပ်ပြောလိုက်တော့ ဈာန်လည်းအနည်းငယ်တိတ်ဆိတ်သွားတော့သည်၊ထို့နောက်မှာတော့ ပုန်းညက်ခြွေရဲ့လက်ကို ပြန်လွှတ်ပေးလိုက်ပြီး ဖုန်းဆက်သုံးနေလိုက်သည်၊

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Où les histoires vivent. Découvrez maintenant