Chapter -2(ကမ္ဘာပျက်ကိန်းမတိုင်ခင်-1)

536 73 7
                                    

Zawgyi

ပုန်းညက်ခြွေတစ်ယောက် ဈာန်ဝံ့မာန်အခန်းကနေ ထွက်လာပြီးနောက်မှာ အနီးနားကmini-martဆီကို သွားလိုက်သည်၊

ပထမကတော့ သူက စိတ်ပြေလက်ဖျောက်ထွက်လာပေမယ့် systemကစကားတွေကြောင့် အစာခြောက်တွေ ဝယ်ထားသင့်လားတောင် တွေးမိလိုက်သည်၊

[System:တကယ်တော့ မင်းကို လက်ဆောင်တစ်မျိုး ငါပေးနိုင်တယ်...]

'လက်ဆောင်...' သူ့ခေါင်းထဲက systemရဲ့တုန့်ပြန်ချက်ကြောင့် ပုန်းညက်ခြွေက နူတ်ခမ်းလှုပ်ကာတိုးတိုးလေးပြန်မေးလိုက်သည်၊

[System: သိုလှောင်ကျောက်တွေကို ကြားဖူးလား

Systemရဲ့စကားကြောင့် ပုန်းညက်ခြွေရဲ့မျက်စိများလင်းလက်သွားတော့သည်၊ဒါပေါ့ တရုတ်ကားသိုင်းတွေ၊စာအုပ်တွေထဲမှာ ကြည့်ဖူး၊ဖတ်ဖူးတာကြောင့် ပုန်းညက်ခြွေကြားဖူးပြီးသားပင်၊ဒါပေမယ့် အပြင်ဘဝမှာ ရှိလိမ့်မည်မဟုတ်တာကြောင့် systemရဲ့စကားကြောင့် အနည်းငယ်တိတ်ဆိတ်သွားသည်၊

[System:ဒီလက်စွပ်ထိပ်ကျောက်က သိုလှောင်ကျောက်ပဲ၊သိုလှောင်လို့ရတဲ့ကျောက်တွေထဲမှာ အခန်းတစ်ခန်းလောက် ကျယ်ဝန်းတဲ့အရွယ်အစားရှိပြီး အစားအသောက်တွေ၊သက်မဲ့ပစ္စည်းတွေကို သိုလှောင်လို့ရတယ်...]

Systemက ပုန်းညက်ခြွေနားမလည်မှာစိုးလို့ သူရှင်းပြတတ်သလို ရှင်းပြလိုက်သည်၊ပုန်းညက်ခြွေကတော့ သူ့လက်ညှိုးမှာပေါ်လာတဲ့ ပန်းရောင်စိန်နဲ့လှပစွာထွင်းထားတဲ့ငွေရောင်လက်စွပ်လေးကိုကြည့်လိုက်သည်၊

သူက Systemရဲ့ညွှန်ကြားချက်အတိုင်း သိုလှောင်ကျောက်ထဲကို စိတ်ပို့လိုက်ပြီး ကြည့်လိုက်တော့ အိမ်တစ်အိမ်ထက်တောင်ကျယ်ဝန်းပြီး ပေ60×90အကျယ်အဝန်းကိုတွေ့လိုက်ရသည်၊

'ဒါက ငါ့အခန်းထက်တောင် ကျယ်ဝန်းသေးတယ်'

[System:ဒါပေါ့... ပန်းရောင်ကျောက်ဆို သိုလှောင်ကျောက်တွေထဲမှာ အဆင့်မြှင့်ဆုံးပဲလေ..] Systemက အလေးမထားတဲ့အသံနဲ့ပြောလိုက်ပေမယ့် ပုန်းညက်ခြွေကကျေးဇူးတင်လိုက်သည်၊ဒီသိုလှောင်ရေးလက်စွပ်နဲ့ဆိုရင် အစားအသောက်ထက် သိပ်ပြီးစိုးရိမ်နေရမည်မဟုတ်ပေ၊

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Where stories live. Discover now