Zawgyi
ဈာန်ဝံ့မာန်နဲ့အတူ ပုန်ညက်ခြွေက ဆေးရုံထဲကို ဝင်လာပေမယ့် လက်တွဲသေးတာကြောင့် နေရခက်နေတုန်းပင်၊ဒါပေမယ့် ရှင်းသန့်ဟန်တို့ရှိတာကြောင့် ပုန်းညက်ခြွေလည်း လက်ကိုဖြုတ်ချဖို့ စိတ်ကူးမရှိပေ၊ ပြီးတော့ ဈာန်ရဲ့လက်ဝါးက သူ့ထက်ပိုပြီးကြီးတယ်၊နွေးတယ်၊ စိတ်ကို လုံခြုံစေသလိုခံစားရသည်၊
[System: <Side Quest> အရံဗီလိန်ဇာတ်ကောင်ရှင်းသန့်ဟန်ထကြွရန် ဇာတ်လိုက်ဈာန်ဝံမာန်ကို နမ်းပြီး ဆင့်ကဲပြောင်းလဲကျောက်ကို လက်ဆောင်အဖြစ်သိမ်းယူရန်]
ပုန်းညက်ခြွေတစ်ယောက် systemဆီကနေ တာဝန်တစ်ခုကျလာချိန်မှာ မျက်နှာများရဲတက်သွားတော့သည်၊ဒါကို ဈာန်ဝံ့မာန်ကလည်း သတိထားမိသွားပြီးတော့ ပုန်းညက်ခြွေပဲ လှည့်လာကာ မေးလိုက်သည်၊
"ဘာဖြစ်တာလဲ ပုန်းညက်"
"ဘာမှမဖြစ်ပါဘူး...ဒီအတိုင်း..." ပုန်းညက်ခြွေက ဈာန်ဝံ့မာန်ကို မဝံ့မရဲကြည့်လိုက်ပြီးနောက်မှာ အကြည့်တွေကိုဖယ်ရှောင်လိုက်သည်၊ဒါပေမယ့် ဈာန်ဝံ့မာန်က လက်ဖမိုးကို ပုန်းညက်ခြွေနဖူးကိုတင်ကာ စမ်းလာချိန်မှာ systemရဲ့တာဝန်ကို သတိရသွားတဲ့ပုန်းညက်ခြွေက မျက်နှာတစ်ပြင်လုံးနီရဲကာအပူရှိန်တိုးတက်သွားတော့သည်၊
"လူတွေ ရှိနေတယ်လေ ဈာန်" ပုန်းညက်ခြွေက ဈာန်ဝံ့မာန်နားကပ်ကာ အသံတိုးတိုးနဲ့သတိပေးလိုက်ပေမယ့် ဈာန်ဝံ့မာန်က လုံးဝကို အရေးမစိုက်ပေ၊သူက ပုန်းညက်ခြွေရဲ့လက်လေးကိုပင် ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ပုန်းညက်ခြွေရဲ့နီရဲနေတဲ့နားလေးတွေကိုသာ ပြုံးပြီးစိုက်ကြည့်နေတော့သည်၊
"လူကြားထဲမှာ နည်းနည်းတော့ အရှက်ရှိကြပါအုံး"ငွေပိုးမြိုင်က ပုန်းညက်ခြွေကို ကြည့်ရင်း ထေ့ငေါ့စွာပြောလာချိန်မှာ ပုန်းညက်ခြွေက လန့်ဖြန့်သွားပြီး ဈာန်ဝံ့မာန်လက်ထဲကနေတောင် ရုန်းကန်လိုက်မိသည်၊ဒါပေမယ့် ဈာန်ဝံ့မာန်က ပုန်းညက်ခြွေလက်ကို မလွှတ်ပေးပဲနဲ့ ငွေပိုးမြိုင်ကိုသာ စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်၊
![](https://img.wattpad.com/cover/302538130-288-k30934.jpg)
ESTÁS LEYENDO
System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)
FantasíaStarted date:22:2:2022 End date : ????? Main title- ကမ္ဘာပျက်ကိန်းဆီသို့ Season-1 ပထမရက် ကောင်းကင် မြူဆိုင်းလာသည်၊ဓာတ်ငွေ့ယိုစိတ်မှုတွေ ဖြစ်ပေါ်လာသည်၊ ရေတွေအနည်ကျလာပြီး ဘတ်တီးရီးယားမျိုးစိတ်အသစ်ပေါက်ဖွားလာသည်၊ animalတွေ ထူးဆန်းလာသည်၊ ဒုတိယရက် ရုတ်...