Chapter-6(ကမ္ဘာပျက်ကိန်းမတိုင်ခင်-5)

280 44 0
                                    

Zawgyi

"နေဦး" ရှင်းသန့်ဟန်က မယုံကြည်နိုင်သေးပေ၊သူ့ကို ဈာန်က ငွေမိုးမြိုင်တို့ထက် ပိုပြီးအလေးပေးခဲ့တာကြောင့် သူတို့ဆက်ဆံရေးကအတော်ကိုကောင်းလှသည်၊ဒါကြောင့် မကြာခင်မှာ ဈာန်က သူ့ကို ပြန်တွဲလိမ့်မည်လို့ပင် ယုံကြည်ခဲ့သေးသည်၊

"ခင်ဗျား မပြီးနိုင်တော့ဘူးလား... " မကြာခင်မှာ ဈာန်ဆီကနေ မေးခွန်းထုတ်ခံရမည်ကိုခံရတော့မည့်ပုန်းညက်ခြွေက စိတ်လှုပ်ရှားသလိုစိတ်လည်းပူပန်နေတာကြောင့် မပြီးနိုင်ဖြစ်နေတဲ့ရှင်းသန့်ဟန်ကို စိတ်မရှည်တော့ပေ၊

[System: Mission...]

'အဲတာကို ငါမေ့တော့မလို့ပဲ'

ထို့နောက်မှာ ဈာန်ဝံ့မာန်ရဲ့ကော်လာကိုဆွဲချလိုက်ပြီး ခြေဖျားအနည်းငယ်ထောင့်ကာ ဈာန်ဝံ့မာန်ရဲ့နူတ်ခမ်းကို နမ်းလိုက်ပြီး ရှင်းသန့်ဟန်ကို စိန်ခေါ်ဟန်ဖြင့်ကြည့်လိုက်သည်၊သူ့ပုံစံက ရှင်းသန့်ဟန်ဘက်ကကြည့်ရင် အတော်ကိုဒေါသဖြစ်စရာကောင်းပေမယ့် ဈာန်ဘက်ကကြည့်ရင်တော့ အစာလုခံရမှာကြောက်နေတဲ့ကြောင်လေးတစ်ကောင်လို ချစ်စရာကောင်းလှသည်၊

"ငါ့ကို ဆက်သွယ်ဖို့မကြိုးစားနဲ့ မင်းမှာ အရှက်တရားရှိတယ်ဆိုရင်ပေါ့" ဈာန်ဝံ့မာန်က သာမန်လျှံသာကြည့်ရင်း ရှင်းသန့်ဟန်ကိုပြောလိုက်ပြီးနောက်မှာ မျက်နှာတစ်ခုလုံးနီရဲနေတဲ့ပုန်းညက်ခြွေကို ခေါ်ကာ ထွက်သွားတော့သည်၊

[System: side Questအောင်မြင်တာကြောင့် ဆင့်ကဲပြောင်းလဲကျောက်ကိုရရှိသည်]

Systemကထွက်ပေါ်လာတဲ့အသံကိုကြားပေမယ့် ပုန်းညက်ခြွေကတော့ မကြားလိုက်ပေ၊

'ဈာန်ကို ငါနမ်းလိုက်တယ်...အဲတာက ငါရဲ့ပထမအနမ်းလေးလေ...ငါ့အနမ်းလေးက အဲလိုကြီးပြီးဆုံးသွားတယ်ပေါ့...ဒါက တစ်စက္ကန့်တောင်မကြာတာကို'

[system: အချိန်တွေ ရှိပါသေးတယ်...Host နဲ့ ဇာတ်ကောင်ဈာန်ဝံ့မာန်တွဲခဲ့ရင် အဝနမ်းလို့ရတာပဲလေ]

ဈာန်ဝံ့မာန်က ဆေးရုံက​နေထွက်လာပြီးနောက် 
ေ​ကျာင်းဘက်ကို ပြန်လာတော့သည်၊သူက တစ်လမ်းလုံးတိတ်ဆိတ်ပြီး ဘာစကားတစ်ခွန်းမှ မပြောပဲ ခေါင်းကြီးသာငုတ်နေတဲ့ပုန်းညက်​ခြွေကို ကြည့်ရင်း ပြုံးလိုက်မိသည်၊

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Onde histórias criam vida. Descubra agora