Chapter 0.4(Meet with System)

867 130 4
                                    

Zawgyi

ဈာန်ဝံ့မာန်တို့ အဆောင်ကို ပြန်ရောက်လာချိန်မှာ ငှက်မိုးရွာတဲ့အခြေအနေကလည်း ငြိမ်သက်သွားတော့သည်၊ဒါပေမယ့် အဆောင်ရှေ့ရှိ ငှက်သေတွေကတော့ အတိုင်းသားပေ၊

ဈာန်ဝံ့မာန် သူရဲ့အခန်းထဲဝင်လာပြီးနောက်မှာ ပုန်းညင်ခြွေကို ကုတင်ပေါ်တင်လိုက်သည်၊ထို​နောက်မှာ တစ်ပေကျော်လောက်သာရှိတဲ့ရေခဲသေတ္တာအသေးထဲကနေ ရေသန့်ဗူးထုတ်လိုက်ပြီး ဖောက်ဖွင့်ကာ ဖန်ခွက်ထဲထည့်လိုက်ပြီး ပုန်းညက်ကို တိုက်လိုက်သည်၊

တုန်ယင်နေတဲ့ပုန်းညက်ရဲ့လက်ကိုကြည့်ရင်း ဈာန်ဝံ့မာန်ရင်ထဲမကောင်းပေ၊ပုန်းညက်ခြွေဟာ ရေကို မော့သောက်လိုက်ပြီးနောက်မှာ သူရဲ့စိတ်တွေဟာ ချုပ်ထွေးနေဆဲပင်၊

"ခဏနားလိုက်ဦး" ဈာန်ဟာ ပုန်းညက်ဆီက ရေခွက်ယူရင်းပြောလိုက်သည်၊ပုန်းညက်လည်း သဘောတူစွာခေါင်းညိတ်လိုက်ပြီး အိပ်ယာပေါ်မှာ ကွေးလိုက်ပြီး အိပ်ပျော်အောင် အိပ်လိုက်သည်၊

ဒါပေမယ့် ပုန်းညက်ခြွေအိပ်ပျော်သွားတဲ့အချိန်မှာ ထူးဆန်းသည့်အိပ်မက်ကို မက်နေခဲ့သည်၊အိပ်မက်ထဲမှာ လူတွေဟာ ပြေးလွှားနေခဲ့ပြီး လူအချင်းချင်းစားသုံးနေသူကို တွေ့နေရသည်၊

ပြီးတော့ ဈာန်ကိုပါ တွေ့လိုက်ရသည်၊ဈာန်ဟာ ကောင်လေးတစ်ယောက်ကို ပွေ့ချီထားပြီး ထိုကောင်လေးဟာ ဈာန်ရဲ့ပခုံးကို ကိုက်ဖဲ့လိုက်တာကြောင့် ဈာန်ရဲ့အမူအရာဟာ နာကျင်သွားကာ အော်ဟစ်လိုက်ပေမယ့် လက်ထဲကကောင်လေးကို လွတ်ချလိုက်ဖို့ စိတ်ကူးမရှိပေ၊

"ဈာန်! မဟုတ်ဘူး!ဟင့်အင်း" ပုန်းညက် ထိုအဖြစ်အပျက်ကိုကြည့်ကာ အော်ဟစ်ငိုကြွေးလိုက်သည်၊ဈာန်ကို ကြောက်စရာကောင်းတဲ့လူတွေဟာ ဝိုင်းပြီးစားသောက်နေခဲ့တယ်၊သူရှေ့တိုးကာ ဈာန်ကို ကယ်ချင်ပေမယ့် ရှေ့ကို ရွေ့မရပေ၊ပြီးတော့ ဈာန်ချီထားတဲ့ကောင်လေးဟာ တုန်စတုန်စနဲ့ထရပ်လိုက်ပြီး ပုန်းညက်ခြွေဘက်ကို လှည့်လာတော့သည်၊ထိုကောင်လေးရဲ့မျက်နှာကို မြင်ပြီးနောက် ပုန်းညက်ထိတ်လန့်သွားချိန်မှာ ထိုကောင်လေးဟာ သူ့ဆီပြေးလာကာ

System: Defying Death (ကမ္ဘာပျက်ကိန်းဆီသို့ Season-1)Tahanan ng mga kuwento. Tumuklas ngayon