အပိုင်း(၂)🍂

230 11 2
                                    

Unicode🍁

မိုးဦးကျစမို့ မိုးဖွားလေးတွေကလည်း တဖွဲဖွဲကျလို့နေသည်။ စာသင်ခန်းထဲက စာအံသံများကတော့ ဆူညံနေဆဲပင်။ ကျောင်းတက်ချိန် တစ်လနီးပါး ရှိလာပြီမို့ ပထမဆုံးလပတ်စာမေးပွဲဖြေရမည့် အချိန်ကလည်း နီးကပ်လာလေပြီ။ ခင့်မှာတော့ စိတ်လှုပ်ရှားရသလို စိတ်လည်းခြောက်ခြားရပါသည်။ ကျောင်း၌ စာမေးပွဲတိုင်း အမှတ်အများဆုံးရသည်ဆိုသော ခင့်ရဲ့ ဂုဏ်ပုဒ်ကို လုယူနိုင်မည့်လူက ရှိနေပြီလေ။

နန်းကို ကျောင်းဆင်းတိုင်း စောင့်ရသည့်အလုပ်ကလည်း လုပ်ရပါများတော့ အကျင့်တစ်ခုလိုပင်ဖြစ်နေတော့သည်။ အတန်းဆင်းတာနဲ့ နန်းကို စောင့်ပေးရတာမို့ ကျောင်းဆင်းချိန်တိုင်း ခင့်ကို လှေကားရင်းမှာ တွေ့ရလေသည်။ ပြီးတာနဲ့ နှစ်ယောက်သား တွဲပြီး စကားတပြောပြောနဲ့ ကျောင်းအပြင်သို့ ထွက်သွားတတ်ကြသည်။ ယခုလည်း ထိုသို့ စကားပြောရင်း သွားနေခိုက် အနောက်ကနေ ယောက်ျားလေး တစ်ယောက်ခေါ်သံကို ကြားလိုက်ရသည်။

"ခင်......."

ပြည့်စုံရဲ့အသံကို ကြားတာနဲ့ ခင်က လှည့်ကြည့်သည်။ သူ့ကိုသိလို့လား၊ နာမည်အခေါ်ခံလိုက်ရလို့လားမသိ။ မျက်မှောင်လေးက ကျုံနေသေးသည်။ ပြန်ပြောသည့် ပုံစံကလည်း ဘုဆတ်ဆတ်ပင်။ ထို့ကြောင့်လည်း ပြည့်စုံက ပြုံးမိပါသေးသည်။

"ငါ့ကို ဘာလို့ခေါ်တာလဲ"

"နင့်နာမည်က ခင်ကိုး။ ငါထင်တာ မှန်သားပဲ"

ပြည့်စုံက ခင်မေးတာကို သေချာမဖြေတဲ့အပြင် ပြုံးတုံ့တုံ့နဲ့ စိုက်ကြည့်နေသည်မို့ ခင် စိတ်ပေါက်လာသည်။ သူကြည့်နေတဲ့အကြည့်မျိုးကိုလည်း သဘောမကျပေ။

"ပြောစရာရှိလို့လား"

"မရှိပါဘူး။ သွားပြီနော် တာ့တာ။ နောက်မှ ထပ်တွေ့မယ်"

ပြည့်စုံက နောက်ပြန်လမ်းလျှောက်ရင်း ခင့်ကို လက်ပြနှုတ်ဆက်ပြီးတာနဲ့ ချာကနဲ လှည့်ထွက်သွားတော့သည်။ ခင့်မှာသာ မခံထိမခံသာ ကျန်ခဲ့ရလေသည်။ ဇာတ်လမ်းကို ဘေးကနေ အစအဆုံး မြင်လိုက်ရသူ နန်းမှာတော့ ပြုံးစိစိပင်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Onde histórias criam vida. Descubra agora