အပိုင်း(၁၀)🍂

181 5 2
                                    

Unicode🍁

စနေနေ့ မနက်စောစောမှာ ခင်တို့တစ်ဖွဲ့ ကားဂိတ်တွင် ဆုံကြသည်။ ဆယ်ယောက်စာ လက်မှတ်ဝယ်ပြီးနောက် ခင်တို့အားလုံး ကားပေါ်တက်လိုက်ကြသည်။ နန်း၊ မြတ်နိုး၊ ယွန်းနဲ့ သီရိတို့ လေးယောက်သားကတော့ အခုကတည်းက တရင်းတနှီးဖြစ်နေကြလေပြီ။ မသိလျှင် သူတို့လေးယောက်က နှစ်တွေအများကြီး သိခဲ့ကြတဲ့လူတွေလိုပင်။ ခင်က နေရာမှာဝင်ထိုင်ပြီးတာနဲ့ ပြည့်စုံကလည်း ခင့်ဘေးကို အတင်းဝင်ထိုင်လေသည်။

"ဟဲ့...ငြိမ်းချမ်းနဲ့ သွားထိုင်လေ"

"မထိုင်ချင်ပါဘူး။ အဲ့ကောင်က သီရိနားပဲ ကပ်နေတာ"

"အဲ့ဒါဆို မြတ်နိုးကရော? သူတစ်ယောက်တည်းဖြစ်နေမှာပေါ့"
ပြည့်စုံကို ခင့်နား သပ်သပ်လာထိုင်တာဟု သတ်မှတ်ပစ်လိုက်ချင်သော်လည်း မြတ်နိုးပါ ပါလာသည်ဆိုသော အသိက ခင့်ကို အလွတ်မပေးချေ။

"နန်းတို့နဲ့ အနောက်မှာထိုင်နေတယ်လေ။ ဘာဖြစ်လို့ ငါ့ကို အတင်းနှင်ထုတ်နေတာလဲဟ"

"ဘယ်သူက နှင်ထုတ်နေလို့လဲ"

"နင်လေ။ ငါ ဒီနားရောက်ကတည်းက တခြားလူနား ထိုင်ဖို့ချည်း ပြောနေပြီးတော့"

ပြည့်စုံက ပြောနေရင်း ခင့်ကို မျက်စောင်းလှမ်းထိုးတော့ ခင်ပြုံးမိ၏။ မြတ်နိုးတို့ကို တခြားလူလို့ အမှတ်တမဲ့ပြောလိုက်မှန်း သိပေမယ့် ခင့်မသိစိတ်ထဲမှာတော့ အကျေနပ်ကြီးကျေနပ်လို့ နေသည်။

"နင်ကလည်း...မဟုတ်ပါဘူးဟယ်။ သူတို့ကို စိတ်ပူလို့ပါ"

"သူတို့က အဖော်ရှိပြီးသားပဲဟာ။ တစ်ယောက်တည်းဖြစ်နေတဲ့ ငါ့ကိုကျတော့ ဂရုမစိုက်ပေးဘဲနဲ့"

ပြည့်စုံက ခေါင်းငုံ့ရင်း စူပုတ်ပုတ်လေး ပြောလေတော့ ခင်က ကြောင်အစွာ ငေးကြည့်နေမိပြန်သည်။ ပြည့်စုံက ဂရုစိုက်စေချင်တာတဲ့လား။ ခင့်စိတ်ထဲတော့ ပြည့်စုံရဲ့ အခုလို စူပုတ်နေတဲ့ပုံစံလေးကလည်း ကလေးလေးလို ချစ်စရာကောင်းနေပြန်သည်။ ထို့ကြောင့်လည်း ခင် ကိုယ်ကိုယ်ကို မထိန်းချုပ်လိုက်နိုင်ခင်မှာပဲ ခင့်လက်တွေက ပြည့်စုံရဲ့ ခေါင်းကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်မိသည်။ ပြည့်စုံက စစချင်းတော့ လန့်သွားပေမယ့် ခေါင်းငုံ့လျက် ငြိမ်နေသည်။ သူ ခိုးပြီးပြုံးနေတာကိုတော့ ခင်မသိလိုက်ပေ။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Hikayelerin yaşadığı yer. Şimdi keşfedin