အပိုင်း(၅)🍂

165 8 4
                                    

Unicode🍁

စာမေးပွဲဖြေရမည့်ရက်ရောက်တော့ ခင်တို့အားလုံး အရင်စာဖြေခန်းနားမှာပဲ တွေ့ကြပြန်သည်။ ငြိမ်းချမ်းပါ အရင်ကတည်းက ခင်တို့နဲ့ တစ်ခန်းတည်းမှန်း ခင် အခုမှ သိ တော့သည်။

"ဟဲ့ စာတွေရကြပြီလား"

နန်းက လူစုံတာနဲ့ စပြောသည်။

"အင်း ရပြီ"

ခင်က ခေါင်းငြိမ့်ပြရင်း ပြန်ဖြေသည်။

"ငါမေးတဲ့ထဲ နင်နဲ့ ပြည့်စုံမပါဘူး။ နင်တို့နှစ်ယောက်က စာမရတဲ့ချိန်ရှိလို့လား"

နန်းက ခင့်ကို မျက်စောင်းထိုးရင်း စနေသည်။ နန်းက အဲ့လိုပြောတော့ မြတ်နိုးက နန်းရဲ့ပုခုံးကို သူပုခုံးနဲ့ အသာတိုက်လိုက်ပြီး ရယ်ရင်းဆက်ပြောသည်။

"သူတို့နှစ်ယောက်ရှိလို့ ငါတို့ စာဒီလောက်ရနေတာလေ။ အဲ့လိုမပြောပါနဲ့ဟယ်"

မြတ်နိုးနဲ့နန်းတို့ နှစ်ယောက် အပြန်အလှန်စနောက်နေကြတုန်း စာဖြေခန်းထဲဝင်ရန် အချက်ပေးသော ခေါင်းလောင်းထိုးသံကို ကြားရ၍ ခင်တို့အားလုံး အတန်းထဲဝင် နေရာယူကြ သည်။ ပြည့်စုံနဲ့ခင်ကတော့ အရင်အတိုင်း တစ်ခုံတည်း အတူတူဖြေရသည်။ အချိန်ပြည့်တော့ အဖြေစာရွက်တွေ ပြန်အပ်ပြီး ခင်တို့အားလုံး အပြင်ထွက်လာကြသည်။

"ဘယ်လိုလဲ။ ဖြေနိုင်လား"

ပြည့်စုံက ခင့်ဘေးနားကနေ ကပ်လျှောက်လာရင်း မေးသည်။

"အင်း။ ဖြေနိုင်တယ်။ နင်‌ရော?"

"ငါလည်း ဖြေနိုင်ပါတယ်"

ပြည့်စုံက ခင့်ကို ပြုံးကြည့်ရင်း ဖြေသည်။ ပြည့်စုံစိတ်ထဲပျော်နေမိပါသည်။ ပထမဆုံး စာမေးပွဲတုန်းက ခင့်နောက်ကိုလိုက်ပြီး အခုလိုမေးတဲ့အချိန်တုန်းက ခင့်ရဲ့အပြုအမူလေးတွေကိုလည်း အမှတ်ရမိပါသေးသည်။ အခုသူနဲ့စကားပြောနေတဲ့ခင့်ရဲ့ပုံစံနဲ့တော့ ကွားခြားပေမယ့်ပေါ့။ အခုလောက်ဆို သူနဲ့ခင်ရဲ့ ဆက်ဆံရေးက တစ်ဆင့်တက်လာပြီလို့တော့ ပြောလိုရပြီထင်ပါရဲ့။

ဒီနေ့ နောက်ဆုံးဘာသာ အထွေထွေသိပ္ပံ‌ ဖြေဆိုရသည့်နေ့ဖြစ်သည်။ ထုံစံအတိုင်း စာမေးပွဲ‌ဖြေပြီးတော့ ခင်တို့အဖွဲ့ ကျောင်းအပေါက်ဝမှာပဲ စုမိကြသည်။ ငြိမ်းချမ်းကတော့ အိမ်အရင်ပြန်သွားသည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Donde viven las historias. Descúbrelo ahora