အပိုင်း(၄)🍂

191 10 4
                                    

Unicode🍁

နောက်တစ်နေ့ ကျောင်းဆင်းချိန်ရောက်‌တော့ ကျောင်းပေါက်ဝမှာ ခင်နဲ့နန်းတို့ စကားပြောဖြစ်ကြသည်။

"ခင်...နင် အဆင်ပြေရဲ့လား"

"ဟင် ဘာကိုလဲ"

"ပြည့်စုံက နင့်ထက်အမှတ်များနေလို့လေ"

"အော် အဆင်ပြေပါတယ်။ နည်းနည်းဝမ်းနည်းသွားရုံပါပဲ"

ခင်လည်း ဘာမှမဖြစ်ဟန်ဖြင့် ပုခုံးတစ်ချက်တွန့်ပြလိုက်ရင်း ပြောသည်။ ပြည့်စုံနာမည်ကြားတော့ ပြည့်စုံကို ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး ရှာမိပြန်သည်။ ကျောင်းဝင်းထဲကို ကျောင်းအပေါက်ဝကနေ လှမ်းကြည့်မိတော့မှ ပြည့်စုံကိုတွေ့သည်။ ခင်လည်း ပြည့်စုံကို လက်ပြနှုတ်ဆက်ဖို့ လက်ကိုပြင်ပြီးခါမှ သူ့ဘေးနားက မြတ်နိုးကို တွေ့လိုက်သည်။ သူတို့နှစ်ဦးသား စကားတပြောပြောနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း လမ်းလျှောက်လာကြပုံမှာ သာမန်သူငယ်ချင်းနှစ်ဦးနဲ့ပင် မတူ။ ချစ်သူ နှစ်ဦးဟုပင် ထင်ရလောက်သည်။ သူတို့နှစ်ယောက်ကို ကြည့်ရင်း ခင့်ရင်ထဲ အမည်တပ်မရသော နာကျင်မှုမျိုးဖြစ်ပေါ်လာ၍ မြန်မြန် မျက်နှာလွှဲလိုက်ရသည်။

ဘာလို့ အဲ့လိုမျိုး ခံစားနေရတာပါလိမ့်။
အဲ့လိုမျိုး တွေးမိနေပေမယ့်လည်း ခင့်ရင်ထဲက နာကျင်မှုကတော့ အခုထက်ထိ မပျောက်နိုင် သေး။ သူတို့နှစ်ဦးရဲ့ ပုံရိပ်ကိုသာ ခဏခဏ မြင်ယောင်နေမိပြန်သည်။ ခင်တွေးနေတုန်း ခင်တို့နားသို့ ပြည့်စုံတို့ရောက်လာသည်။ ခင်က သူတို့နှစ်ယောက်ကို စေ့စေ့မကြည့်ရဲ။ ကြည့်မိတာနဲ့ ပိုနာကျင်လာမယ်လို့ပင် စိတ်ကထင်နေသည်။ ပြည့်စုံရဲ့အသံကြားမှ ခင် သူတို့ဘက် ကြည့်လိုက်မိသည်။

"ခင်"

"ဟမ် ဘာလဲ"

"ငါ့ကိုတောင် မနှုတ်ဆက်‌တော့ဘူးလား"

ပြည့်စုံက ခါးထောက်ပြီး ကလေးပေါက်စ စိတ်ဆိုးတဲ့ပုံစံမျိုး လုပ်ပြနေသည်။ သူက အဲ့လိုလုပ်ပြတော့လည်း ခင်ရယ်မိပါသည်။

"နေ့တိုင်းတွေ့နေတာပဲကိုး။ နှုတ်ဆက်ရဦးမှာလား"

ခင်လည်း အရယ်မရပ်နိုင်၍ ရယ်သံတစ်ဝက်နဲ့သာ ပြန်ပြောရသည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Tempat cerita menjadi hidup. Temukan sekarang