အပိုင်း(၆)🍂

184 6 3
                                    

Unicode🍁

သည်နေ့ ခရီးသွားကြမည်မို့ မနက်စောစောထပြီး ပြင်ဆင်ရလေသည်။ နန်းရဲ့အိမ်ရောက်တော့ ရဲရင့်နဲ့ မင်းလတ်တို့‌က ခင့်ထက်အရင် ရောက်နှင့်နေပြီ။ ခင်ရောက်ပြီး ခဏကြာတော့ ပြည့်စုံ၊ မြတ်နိုးနဲ့ ပြည့်မှူးတို့က 'ခွေးဘီလူး'ဟု အလွယ်ခေါ်ကြသော ဂျပန်ထုတ်ကားလေးနဲ့ ရောက်လာကြသည်။ ကားရှေ့ခေါင်းခန်းထဲက ဆင်းလာသူမှာ ပြည့်မှူးဖြစ်သည်။ အရင်ဆုံးကားနောက်ခန်းကနေ ဆင်းလိုက်သော ပြည့်စုံက မြတ်နိုးကားပေါ်ကဆင်းချိန် ကိုင်ထားရန် လက်ကမ်းပေးသည်။ မြတ်နိုးကလည်း ပြည့်စုံကို ပြုံးကြည့်ရင်း လက်ကိုကိုင်ပြီး ကားပေါ်ကနေ ခုန်ဆင်းလိုက်သည်။

သူတို့က ကြည်နူးနေသလောက် ဘေးကနေ မြင်လိုက်ရသော ခင်ကတော့ ရင်ထဲ အောင့်တက်လာတော့သည်။ အခု ခင် က ပြည့်စုံကို သဘောကျမှန်း ကိုယ်ကိုယ်ကို သိထားပြီးဖြစ်၍ နာကျင်မှူက ပိုတောင် ဆိုးသည်ဟု ထင်ရသည်။ ခင် ဆက်မကြည့်နိုင်တော့၍ အထုပ်တွေယူဖို့ အိမ်ထဲ ပြေးဝင်သွားလိုက်သည်။ ဘေးလွယ်အိတ်ကိုတော့ ခေါင်းကနေ စွပ်လိုက်ပြီး ပုခုံးပေါ်ကနေ တခြမ်းစောင်းလွယ်ထားလိုက် သည်။ အထုပ်နှစ်ထုပ်ကိုလည်း လက်တစ်ဖက်စီမှာ ကိုင်ထားလိုက်သေးသည်။ ထိုချိန် ခင့် နောက်ကနေ အိမ်ထဲလိုက်ဝင်လာသော ရဲရင့်က ခင့်လက်ထဲက အထုပ်တွေကို ကူသယ်ပေးဖို့ ဆွဲယူလိုက် သည်။

"ပေး ငါကူသယ်ပေးမယ်"

"ရပါတယ်။ ငါနိုင်တယ်"

"ပေးစမ်းပါ"
ရဲရင့်က ပြောပြောဆိုဆိုနဲ့ အထုပ်တွေကို ယူပြီး အိမ်ရှေ့ထွက်သွားလေသည်။ ခင်ကတော့ အနောက်ကနေ ပြုံးရင်း လိုက်သွားရသည်။ ကားနားရောက်တော့ အထုပ်တွေ တင်လိုက်ကြသည်။ ရဲရင့်က သူအထုပ်သူယူဖို့ အိမ်ထဲပြန်ဝင်သွားသည်။ ခင်ကတော့ ကားနားမှာ ရပ်စောင့်ရင်း ကျန်ခဲ့သည်။ ပြည့်စုံက ခင်ရပ်နေတာ မြင်တော့ ခင့်ဘေးနားလာရပ်သည်။

"နင့်ပစ္စည်းတွေ ကားပေါ်တင်ပြီးပြီလား"

"အင်း ပြီးပြီ။ နင်ရော?"
ခင်က ပြည့်စုံဘက်ကို လှည့်ကြည့်ပြီး ဖြေလိုက်သည်။ အခုလို အနီးကပ်မြင်ရတော့ ပြည့်စုံက ပို၍ပင် ကြည့်ကောင်းသေးသည်။ နှာတံက ဖြောင်တန်းသွယ်လျပြီး မေးရိုးကလည်း ထင်းနေသည်။ ခင်က အကြာကြီး စိုက်ကြည့်နေချင်သော်လည်း ပြည့်စုံ သတိထားမိသွားမှာစိုး၍ မျက်နှာ ပြန်လွှဲလိုက်ရသည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)حيث تعيش القصص. اكتشف الآن