☔-1

754 35 18
                                    

ထယ်ဟွန်း အတွက်တော့ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျ တွေ ပြည့်နှက်မြန်ဆန်လွန်းတဲ့ ရူးသွပ်ချင်စရာ နေရာတစ်ခုပဲ။ ။

ပထမဆုံး အလုပ်ပြုတ်သွားတဲ့နေ့က သူရဲ့ နားခိုရာ နေရာလေးမှာ တိတ်တဆိတ်ငိုကြွေးတယ်။ ဝမ်းနည်းမှုတွေကို ပျောက်သည်အထိ ကုစားပြီး ကိုယ့်ကိုယ်ကို ပြန်‌တည်ဆောက်ခဲ့တယ်။

အလုပ်သစ်ရလာတဲ့အခါ အကြိုက်ဆုံး စားစရာ သောက်စရာတွေ ဝယ်ပြီး ထိုနေရာလေးမှာပဲ တစ်ယောက်တည်း ယုံကြည်ချက်အသစ်တွေနဲ့ တရက်တာကို ကုန်ဆုံးစေပြန်တယ်။

စိတ်တိုဒေါသထွက်စရာတွေရှိတဲ့အခါ အေးချမ်းရာ အနှစ်သက်ဆုံးနေရာလေးမှာပဲ စိတ်ထဲရှိသမျှ အော်ဟစ်ပစ်လိုက်ကာ ရင်ထဲ ခံစားရသမျှ ပေါ့ပါးသွားစေပြီး နေ့သစ်ကို စိတ်အသစ်နဲ့ ပြန်လည် ဖြတ်သန်းတယ်။

ဒေါသ ဝမ်းနည်းမှု ကျဆုံးမှု အောင်မြင်မှု စတာတွေကို ထိုနေရာလေးမှာသာ မျှဝေခံစားသည်။ ထိုနေရာလေးက သူ့ကို ကုစားပေးပြီး သူ့ကို နေ့သစ်စဖို့ အားအင်တွေပေးသည်။ ။

တိတ်ဆိတ်အေးချမ်းတဲ့ တောင်ကုန်းလေးတစ်ခုဝယ် အဝါရောင် နေကြာ‌ပန်းလေးတွေ လှပစွာ ပွင့်လန်းနေသည်။ ထိုဘေးက အုတ်ဂူငယ်ဖြူဖြူလေးထက်ဝယ် ရေးထိုးထားတဲ့ အမည်နာမလေး ချွဲဆူဘင်း..... ဂန်ထယ်ဟွန်း နှစ်သက်ဆုံးသော နားခိုလုံခြုံရာ တစ်ခုတည်းသော နေရာလေး
----------------------

နှိုးစက်သံကြောင့် နိုးထလာတဲ့ မနက်တိုင်းမှာ အကျင့်တစ်ခုလို အိပ်ရာတစ်ဖက်ခြမ်းစီ လက်ကသွားစမ်းနေမိတယ်။
ဟိုးတုန်းက မနက်တိုင်း အမြဲလို အတူရှိနေခဲ့တဲ့ တစ်ယောက်သောသူရဲ့နေရာမှာ အခုတော့ နေရာလွတ်လေးတစ်ခုသာ ကျန်ရစ်နေခဲ့တယ်။

ဖုန်းကနေ ရက်စွဲကြည့်လိုက်မိတော့
June 5 ရက် " ဒီနေ့ ငါ့ရဲ့မွေးနေ့ပဲ " လို့ခါးသီးစွာ ရေရွတ်လိုက်မိတယ်
ဖုန်းစခရင်ပေါ် ပေါ်လာတဲ့ နိုတီလေးကတော့ အစ်ကို့ရဲ့ သေဆုံးခြင်း နှစ်ပတ်လည်နေ့ ဆိုတဲ့ reminder လေးပေါ့ သူ့မွေးနေ့ကို ဘယ်လိုများ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာလဲ။
(မွေးနေ့dateကို အမှန်မသုံးထားပါဘူးနော်)

Save Me From This Rain ∆ (Edited)Where stories live. Discover now