☔-11

130 20 11
                                    

SH - ဆောင်းဟွန်း
JS - ဂျုံဆောင်း
JY - ဂျယ်ယွန်း
TH- ထယ်ဟွန်း

📧 Congratulation, Kang TaeHyun

You have been passed successfully and choosen as one of our employees.See you Next coming Monday. . . . .

TH "Wait, what!!!!!!"

SH "ဘာလဲ ဘာဖြစ်တာလဲ"

JS "သူခိုးလား"

JY "မီးလောင်လို့လား"

အလန့်တကြား တစ်ယောက်တစ်ပေါက် အော်သံတွေနဲ့ အခန်းရှေ့ရောက်လာကြတဲ့ ကျနော့်သူငယ်ချင်းတွေရယ်ပါ။
တစ်ခုခုသာဆို အရမ်းအားကိုးရမှာပဲ သုံးယောက်လုံးအခုထိ မျက်စိကိုမဖွင့်သေးဘူး ဂျုံဆောင်းဆို ခေါင်းအုံးလေးပါ ပိုက်လာသေးတယ်။

TH "ဘာမှမဖြစ်ဘူး သွားပြန်အိပ်လို့ရပါတယ်ဗျ"

SH "မဟုတ်ဘူးနော် ငါအော်သံကြားလိုက်တယ်"

JS "ဟုတ်တယ် ငါရောကြားတယ်"

JY "ငါရောပဲ"

TH "ငါအော်လိုက်မိတာ အခုဘာမှမဖြစ်တော့ဘူး ပြန်သွားအိပ်ကြတော့"

JS "နေပါဦး ဒါဆို ဘာလို့အော်တာလဲ"

TH "မက်ဆေ့ခ်ျဝင်လာလို့"

SH "ခြိမ်းခြောက်စာလား"

JY "ငွေညစ်ခံနေရတာလား"

JS "Blackmail ပို့ခံရတာလား ဘယ်ကလဲ ဘယ်သူလဲ"

TH "Blackmail  တော့ မဟုတ်ဘူးဟေ့ best mail ကွ"

JY "ဘာမလို့လဲ"

TH "အရင်တစ်ရက်က ငါ အလုပ်အင်တာဗျူးသွားဖြေတာလေ အဲ့တာ ဒီနေ့ငါ့ကို အလုပ်ခန့်လိုက်ပြီဆိုတဲ့ စာဝင်လာလို့"

All "ဘာ!! !! !!"

TH "ဖြေးဖြေးအော်ကြ အစောက ငါက တစ်ယောက်ထဲ အခုက မင်းတို့သုံးယောက်ပေါင်းအော်တာနဲ့ ဘေးပတ်ဝန်းကျင်က တစ်ခုခုဖြစ်နေတယ်ဆို‌ပြီး  တိုင်လိုက်လို့ ရဲတွေပါ ရောက်လာဦးမယ်"

JY "ဟဲဟဲ ဆောရီးပါ"

SH "ဒါနဲ့ အလုပ်က ဘာလုပ်ဖို့လဲ"

TH "အော် နေစရိတ်စားစရိတ်ရှိသေးတယ်လေ ပိုက်ဆံက မိုးပေါ်က သူ့အလိုလိုကျလာမှာမှ မဟုတ်တာ"

JS "အမယ်လေး သူဌေးလေးကလဲ လာညည်းနေပြန်ပါပြီ"

SH "အေးလေ ကုမ္ပဏီပိုင်ရှင်လောင်းကြီးက ဘဝသမားလေးလို ‌ပြောနေတော့ ကျနော်တို့သုံးယောက်ပြောဖို့လဲ ချန်ထားပါဦး"

Save Me From This Rain ∆ (Edited)Where stories live. Discover now