☔-19

104 13 14
                                    

"ဘွားဘွားရေ"

"အယ် မြေးတို့ပြန်ရောက်ကြပြီလား"

"ဟုတ်ကဲ့ ဘွားဘွားအတွက် အပြန်လက်ဆောင်တွေလဲ ဝယ်လာတယ်"

"မလိုပါဘူးကွယ် ပျော်ခဲ့ကြရဲ့လား"

"ဟုတ် ပျော်ခဲ့တယ် ဘွားဘွား နောက်ကျ သားတို့ တူတူ နောက်တစ်ခေါက်ထပ်သွားကြမယ်"

"ဟုတ်ပါပြီ မြေးသမက်ကလေးကော မပါဘူးလား"

"ထယ်က အလုပ်ရှိနေသေးတော့ အလုပ်ဆင်းပြီးမှ လာခဲ့ပါမယ်တဲ့"

"အေးအေး အဲ့တော့ လာရင်စားဖို့ မုန့်ပြင်ထားချိန်ရတာပေါ့"

"ဟုတ် ဟီးဟီး"

"ကြည့်ဦး အရမ်းပျော်နေတယ်ပေါ့"

"ပျော်တာပေါ့ ဘွားဘွားကလဲ နောက်ဆုံးတော့ သားချစ်ရတဲ့သူက အခုသားရဲ့ချစ်သူဖြစ်လာခဲ့ပြီ "

"ဘွားကလဲ ထယ်ဟွန်းလေးကို သဘောကျပြီးသား မြေးလေးတို့နှစ်ယောက်က လိုက်ဖက်ပါတယ်"

"ဟီး သဲသဲလေးက ချက်တတ်ပြုတ်တတ် အလုပ်လဲရှိ ရုပ်ရည်လည်းရှိ ချစ်စရာလဲကောင်း စိတ်ထားလေးလဲကောင်း အပြစ်ပြောစရာဘာမှကိုမရှိတာ အဲ့လိုကောင်လေးမျိုးကိုရထားတာ တော်တော်ကိုကံကောင်းတာပဲလို့ တွေး‌မိပြီး ချစ်မဝဖြစ်နေရတာ"

"‌အမယ်‌တော် အဘွားမြေးက‌တော့‌လေ အလွန်အကြူးကိုပါပဲ "

"ဒါကတော့ ချစ်တာကိုး ဘွားဘွားရဲ့"

"ချစ်ပါရှင် ချစ်ပါ အော် မြေးလေး မွေးနေ့တောင် ရောက်တော့မယ် ဘာလိုချင်လဲ "

"မလိုပါ‌ဘူးဗျ ပြည့်စုံနေပြီ"

"အော် အချစ်နဲ့ဆို‌တော့လဲ ဘာမှတောင်မလိုတော့ဘူးပေါ့"

"အာန်ညော်~~ဘွားဘွား ..."

"ထယ် အလုပ်ဆင်းပြီလား မောင့်ကိုတော့ မခေါ်လိုက်ဘူး မောင်လာကြိုမှာပေါ့"

"ရပါတယ် အစ်ကိုမင်ဂျူးနဲ့ တွေ့လို့ လမ်းကြုံလိုက်လာခဲ့တာ"

"အစ်ကိုမင်ဂျူးက ဘယ်သူလဲ တစ်ခါမှလဲမကြားဖူးပါဘူး "

"ဘွားနေကောင်းတယ်မလား"

Save Me From This Rain ∆ (Edited)Where stories live. Discover now