☔-24

103 13 14
                                    

"အခုတလော ဈေးကွက်ထဲအသစ်ဝင်လာတဲ့ Pacifica ဆိုတဲ့ ကုမ္ပဏီကထုတ်တဲ့ ရေမွှေးက တော်တော်လေး နာမည်ကြီးလာပြီး အောင်မြင်နေတယ်
ဈေးလဲအသင့်အတင့်ရှိပြီး အနံ့ကလည်း ပေးရတဲ့ဈေးနဲ့တန်အောင် စိတ်ကျေနပ်မှုရစေတယ်"

"နေပါဦး အခုမင်းက အဲ့ရေမွှေးကို လာကြော်ငြာနေတာလား"

"မဟုတ်ပါဘူး  ကျနော်က comment တွေထဲကနေ ဖတ်ပြနေတာပါ"

"ဘယ်ကထုတ်တာလဲ"

"ကုမ္ပဏီအခြေစိုက်က ဟာဝိုင်အီမှာပါ အဲ့ကနေ ဒီဘက်‌အာရှပိုင်းတွေအထိ ပျံ့လာနေတာ အခုအသစ်ပြောင်းသွားတဲ့ CEO အသစ်လက်ထက်မှ ရေမွှေးစထုတ်တာပါ
CEO အသစ်က တော်တော်ငယ်သေးတယ်လို့လဲ ကောလဟလကြားထားတယ်
ဈေးကွက်ထဲစဝင်လာပြီးနောက်ပြီး ကျန်တဲ့ရေမွှေးတွေ ရောင်းအား‌ကျသွားတယ် "

"အဲ့ဒိီ့CEO အသစ်က ဘာမလို့လဲ နောက်မှရောက်လာပြီး ကွက်ကျော်ရိုက်ချင်နေတာလဲ
ငါ့တို့ဘက်ကလဲ ဈေးနည်းလို့ရသမျှနည်းပြီး ထုတ်လေ"

"အဲ့တာက မဖြစ်နိုင်ဘူးထင်တယ် သတ်မှတ်ထားတဲ့ ပါဝင်ပစ္စည်းအတိုင်းပဲ လုပ်ကြတာမလို့ ပါဝင်‌ပစ္စည်းကို လျော့လိုက်ရင် အနံ့ကမကောင်းတော့ဘဲ ဖြစ်သွားလိမ့်မယ်"

"ဒါဆိုလဲ discount ဖြစ်ဖြစ်လျှော့ပြီး ရောင်းအားကောင်းအောင်လုပ်"

"အဲ့လိုလုပ်ရင်လဲ ကြာရင် အရှုံးပေါ်နိုင်ပါတယ်"

"နင်က ပိုင်ရှင်လား ငါကပိုင်ရှင်လား ငါလုပ်ဆို လုပ်လိုက်လေ ဘာတွေအထွန့်တက်နေတာလဲ"

"ဟို..ပြီး‌တော့ဒီမှာကျင်းပမဲ့ရေ‌မွှေးအသစ်မိတ်ဆက်ပွဲအတွက် CEO ကိုလည်း လာခဲ့ဖို့ ဖိတ်ထားပါသေးတယ် "

*အင်း မိတ်ဖြစ်ဆွေဖြစ်လုပ်ပြီး အတူတွဲလုပ်ဖို့ ပူးပေါင်းနိုင်ခဲ့ရင်တော့ အရှုံးမပေါ်နိုင်လောက်ဘူးပဲ

"အေးအေး ငါသွားလိုက်မယ် ဘယ်တော့လဲ"

"သဘက်ခါ ညနေလေးနာရီပါ"

"အင်း မင်းသွားလို့ရပြီ"

"အင်း မင်းသွားလို့ရပြီ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Save Me From This Rain ∆ (Edited)Where stories live. Discover now