☔-8

128 18 37
                                    

SH - ဆောင်းဟွန်း
JS - ဂျုံဆောင်း
JY - ဂျယ်ယွန်း

JS "ဟိုခုံမှာထိုင်နေတဲ့သူနှစ်ယောက်ကို ကြည့်ကြည့် အဲ့တာ ထယ်ဟွန်းမလား..."

JY "အေး ထယ်ဟွန်းပဲ ဘေးကတစ်ယောက်က ဘယ်သူလဲ မသိဘူး"

JS "ဒါနဲ့ ဆောင်းဟွန်းကော"

JY "နောက်မှာ မုန့်ဝယ်ရင်း ကျန်ခဲ့တယ်"

JS "ဒါဆို သွားရအောင် တော်ကြာ သူပါမြင်သွားဦးမယ်"

SH "ငါက ဘာကိုမြင်မှာလဲ"

JS "ဟင် ဆောင်း-ဆောင်းဟွန်း လာပြီလား ဘာတွေ ဝယ်ခဲ့လဲ"

SH "စကားလမ်းကြောင်း လာလွှဲမနေနဲ့ ငါကဘာမြင်သွားမှာကို စိုးရိမ်နေတာလဲ"

JS "ဘာ-ဘာမှ မဟုတ်ပါဘူး"

SH "ပြောစရာရှိတာသာ ပြောစမ်းပါ ဂျုံဆောင်းရာ ဘာကို မြင်မှာလဲလို့"

ထိုအခါ ဂျယ်ယွန်းမှ ယောင်ပြီး ဟိုနားလေးက လူနှစ်ယောက်ကိုကြည့်နေတာ တစ်ယောက်က ထယ်ဟွန်းနဲ့တူနေလို့ ဆိုပြီး ပြောလိုက်ရော

JS "ရားး ဘာလို့ သွားပြောလိုက်တာလဲ"

JY "ဟီး ငါ မေ့သွားလို့ပါ"

JS "မင်းတော့နော်"

SH "ထယ်ဟွန်း? ဘယ်မှာလဲ.." ဂျယ်ယွန်းညွှန်ပြတဲ့နေရာအား ကြည့်လိုက်တော့ တကယ်ကို ထယ်ဟွန်းပဲ သေချာတယ် မလွဲနိုင်ဘူး သူနဲ့အတူထိုင်နေတဲ့ သူကကော ဘယ်သူလဲ တစ်ခါမှ မမြင်ဘူးတဲ့ မျက်နှာစိမ်းပဲ ရယ်ရယ်မောမောနဲ့ စကားတွေပြောနေတဲ့ပုံကြည့်ရတာ တော်တော်ရင်းနှီးပြီး ပျော်နေကြတယ်ပေါ့လေ

JS "ရား ရားး ဘယ်သွားမလို့လဲ"

SH "ထယ်ဟွန်းဆီသွားမလို့"

JS "မသွားနဲ့လေကွာ နောက်မှ-"

SH "သွားမှာပဲကွာ သူ့ဘေးကကောင်က ဘယ်သူလဲ ငါတို့နဲ့ကျ အဆက်အသွယ်ဖြတ်ထားပြီး အဲ့တစ်ယောက်နဲ့ကျ အပြင်သွားပျော်ပါးနေတာ ဘာသဘောလဲ ငါလုံးဝမကျေနပ်ဘူး အဲ့ကိစ္စသွားရှင်းမလို့"

JS "မင်းကလဲ စိတ်လျှော့ပါဦးကွာ"

JY "ဟုတ်သားပဲ ဆောင်းဟွန်းရ မဆင်မခြင် မလုပ်--"

Save Me From This Rain ∆ (Edited)Where stories live. Discover now