☔-2

213 24 25
                                    

Huening PoV;

:မကြာမီအချိန်အတွင်းမှာ ကိုရီးယားသို့ ဆိုက်ရောက်တော့မှာပဲ ဖြစ်ပါတယ်...

ကိုရီးယားလို့ပြောရရင်
ကျတော်ကတော့ ချယ်ရီတွေကို အရင်မြင်မိတာပဲ
ဆိုလ်းမှာဆိုရင် ကျော်ကြားထင်ရှားတဲ့နေရာတွေအများကြီးရှိတယ်။ရှေးဟောင်းသမိုင်းဝင်နေရာတွေ နန်းတော်တွေ များပြားလှတဲ့ ပြတိုက်တွေ နမ်ဆန်တာဝါ ဆောင်းဦးရွက်တွေနဲ့ လှပနေတဲ့ ရှုခင်းတွေ ဇာတ်လမ်းတွဲတွေထဲကလို ချယ်ရီပန်းတွေနဲ့ ရိုမန့်ဆန်တဲ့ လမ်းလေးတွေ နေရာလေးတွေ
ဟဲဟဲ အစားအသောက်ဆိုရင်လဲ မေ့ထားလို့မရဘူးနော်။ ။

ကျနော်က လှပတဲ့ အရာလေးတွေကို မှတ်တမ်းတင်သိမ်းဆည်းထားရတာ သသောကျနှစ်ခြိုက်တယ်။
ကျောင်းက project တစ်ခုအတွက် စာတမ်းပြုစုဖို့ရယ် တစ်ခါထဲ အလည်အပတ်သဘောမျိုး ခွင့်ရက်ရှည်ယူပြီး ရောက်လာခဲ့တာ။
ဒီမှာ အပန်းဖြေလှည့်လည် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ပဲ တွေးနေတယ်ဆိုပေမဲ့ ဘာမှမပူပါနဲ့ project အတွက်လဲ သတ်မှတ်ရက်မတိုင်မီ အပြီးလုပ်ပြီး မေးလ်ကနေတစ်ဆင့် လှမ်းပို့လိုက်မှာ လူကတော့ ဒီမှာပဲနေဦးမှာ။

ကိုရီးယားဆိုတာ ကျနော့်အတွက် စိမ်းသက်နေတဲ့ နေရာတော့ မဟုတ်ခဲ့ပါဘူး။ ငယ်ငယ်က မကြာမကြာရောက်ဖြစ်ပေမဲ့ ကြီးလာတော့ ကျောင်းတွေတက်ရဘာညာနဲ့ မရောက်ဖြစ်ခဲ့ဘူး အခုတော့ လာချင်တဲ့ ဆန္ဒလေးပြည့်သွားပြီ။
အော်မေ့တော့မလို့ ကျနော်က ကပြားလေ ဖေဖေက နိုင်ငံခြားသား မေမေက ကိုရီးယားလူမျိုး ဒါကြောင့် ဘာသာစကားအတွက် အခက်အခဲမရှိသလို နေထိုင်ဖို့အတွက်ဆိုရင်လည်း မေမေ့ရဲ့ အမေ ကျနော့်ရဲ့ဘွားဘွားတို့ရှိတယ်လေ။အရင်ကနဲ့အခု ကွာခြားနေမဲ့ ဆိုးလ်မြို့ကြီးရဲ့ပြောင်းလဲနေမှုတွေကို တွေ့ချင်လှပြီ။

အရင်ဆုံး ဘာပြောင်းလဲသွားလဲဆိုတာကို ကျနော့်ရဲ့ အစ်ကိုကနေတစ်ဆင့် ပြောပြပေးသွားပါ့မယ်

"ယောန်ဂျွန် နူနာ~ ကျနော်ဒီမှာ"

"ရားးး အဲ့လိုမခေါ်နဲ့ဆိုတာကို ဘယ်တော့များမှ နားထောင်မှာလဲ"

"ဘာဖြစ်လဲ ငယ်ငယ်တည်းကခေါ်နေကြကို"

" အခုက မငယ်တော့ဘူး ကြီးနေပြီ အသိတရားဝင်စမ်း"

Save Me From This Rain ∆ (Edited)Where stories live. Discover now