☔-13

114 15 12
                                    

ထယ်ဟွန်းတစ်ယောက် ထိုညက အိပ်မပျော်ခဲ့ပါ။ ပဟေဠိတွေနဲ့ ရည်းစားစကားပြောသွားတဲ့ ကပြားလေးကြောင့် တညလုံး သိချင်စိတ်က တဖွားဖွား။ အရင်ထဲက စူးစမ်းချင်စိတ်အပြည့်နဲ့ပါဆို ပုစ္ဆာတွေပေးသွားမှတော့ အဖြေရှာရတော့မည်။

*အရင်ဆုံး ဟာဝိုင်အီကိုရှာရမယ်
ဟုတ်ပြီ Google သွားခေါက်ကြည့်ရမယ်
Q : what country is Hawaii located in?
A : Hawaii, constituent of the United States of America . Hawaii is.....

ဒါဆို United States ဆိုတော့ ဂျုံဆောင်းသိလောက်တယ် သူ့ကို လှမ်းမေးကြည့်ရမယ်

📱📲 J-cat🐈‍⬛

🐈‍⬛ " Hello

🐿️"ဂျုံဆောင်းလေး

🐈‍⬛"ဘာ ဂျုံဆောင်းလေးလဲ လူအိပ်ချိန်ရောက်နေပြီ

🐿️"မင်းကကြောင်လေ

🐈‍⬛"ဒီကောင်ဆောင်းဟွန်းကတော့-

🐿️"အဟမ်း ဂန်ထယ်ဟွန်းပါခင်ဗျ

🐈‍⬛"အော် နိုးတဝက်မနိုးတဝက်ဆိုတော့ contact ထဲမှတ်ထားတဲ့ ဟွန်းခြင်း မှားသွားလို့ပါ ဟဲဟဲ
( ဟူးတော်သေး အစက ဆောင်းဟွန်းအထင်နဲ့ အပီပြောတော့မလို့ ဂန်ထယ်ဟွန်းဆိုတော့လဲ ပြန်ငြိမ်လိုက်ရပါတယ် သူ့ကိုတော့ ကျနော်ဂျုံဆောင်း ပြန်မပြောရဲပါ)

🐿️"မေးမလို့

🐈‍⬛"အေး မေးလေ

🐿️"မင်း Hawaii ကိုသိလား

🐈‍⬛"အလိုလေး သိတာပေါ့ကွ

🐿️"အာ့ဆို ပန်းတွေအကြောင်းကောသိလား

🐈‍⬛"အဲ့တာတော့ ဘယ်သိမလဲ ငါကပန်းဆိုင်ဖွင့်‌စားနေတဲ့သူမှ မဟုတ်တာ

🐿️"မဟုတ်ဘူး Plumeria ပန်းအကြောင်းကိုပြောတာ

🐈‍⬛"ဘာကိုလဲ

🐿️"ဟာဝိုင်အီကျွန်းသူကျွန်းသားတွေနဲ့ အဲ့ပန်း ပန်ဆင်တဲ့ပုံစံလိုမျိုးကိုပြောတာ သိလား

🐈‍⬛"အော် ဘယ်ဘက် ညာဘက်ကိုပြောတာလား

🐿️"အင်း အင်း ဟုတ်တယ် အဲ့တာလေး သိချင်လို့

🐈‍⬛"သိချင်ရှာလေ ခါတိုင်းလဲရှာနေကြကို

🐿️"မရှာချင်လို့လေ မင်းသိတယ်မှန်း အပိုင်တွက်ထားပြီး လာမေးတာ ပြောပြ

Save Me From This Rain ∆ (Edited)Where stories live. Discover now