☔-12

132 17 2
                                    

"အား ကျွတ်! ကျွတ်! ကျွတ်! ခေါင်းတွေကိုက်လိုက်တာ ညကသောက်တာတော်တော်များသွားတယ် ထင်တယ်

အယ် အခန်းထဲမှာပဲ ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ မမှတ်မိတော့ဘူး ဟိုသုံးကောင်ကော ဘယ်လိုဖြစ်နေမလဲပဲ"

အခန်းပြင်ထွက်ကြည့်လိုက်တော့ ရှုပ်ပွနေတဲ့ ဘူးခွံ အမှိုက်ခွံတွေကြားထဲ သုံးယောက်သာား တိုးဝှေ့ကာ အိပ်ကောင်းနေကြဆဲ ထိုစဉ် စားပွဲဝိုင်းဆီမှ ဖုန်းသံကြားလိုက်ရတော့ အမှိုက်တွေကြား ကျော်ခွပြီး ဖုန်းဆီအပြေးသွားရတော့တယ်။

**အယ် ဟျူးနင်းဆီကပဲ !

📳📱Huening ☀️

"ဟယ်လို "

"အွန်း ဟျူးနင်း မောနင်း"

"မောနင်း ထယ်ဟွန်း နိုးပြီးလား ညက ဖုန်းခေါ်ထားတာတွေ တွေ့မိလို့ ပြန်ခေါ်လိုက်တာ မနေ့ကကျ မအားတာနဲ့ ဖုန်းမကိုင်လိုက်မိတာ ဘာများရှိလို့လဲ"

*ဟုတ်သားပဲ ငါမနေ့က မူးမူးနဲ့ ဆက်တိုက်တွေ ခေါ်မိထားသေးတာပဲ

"အရမ်း အရေးကြီးတာမျိုးတော့ မဟုတ်ပါဘူး မနေ့က အင်တာဗျူးဖြေထားတဲ့ဆီကနေ ဖုန်းလှမ်းဆက်တယ်"

"ဟုတ်လား ဘာတဲ့လဲ"

"အောင်တယ်တဲ့ အဲ့တာ ဟျူးနင်းကိုပါ အပျော်တွေ ဝေမျှချင်လို့ရယ် သူငယ်ချင်းတွေကလဲ အိမ်မှာရှိနေတော့ အောင်ပွဲခံကြမယ်ဆိုတာနဲ့ ဟျူးနင်းကိုပါ လာချင်လား လှမ်းမေးမလို့ရယ် ဖုန်းဆက်လိုက်ပေမဲ့ ဟျူးနင်းကမကိုင်ဘူးလေ "

"သူငယ်ချင်းတွေနဲ့ပဲလား ထယ်ဟွန်းရဲ့ ချစ်သူကော မပါဘူးလား"

"မပါ- - အယ် ဟုတ်ဘူးလေ ဆောင်းဟွန်းက ထယ့်ချစ်သူမဟုတ်ဘူး ဒီတိုင်းသူငယ်ချင်း အဲ့နေ့က ဂိမ်းရှုံးလို့သာ ပြောသလိုလုပ်ရတာ "

"အော် အဲ့လိုလား"

"အင်း ဟုတ်တယ် ရိုးရိုးသူငယ်ချင်းတွေပါ"

"ဟုတ်ပါပြီ မနေ့က သောက်ကြသေးလား ခေါင်းတွေ ကိုက်နေဦးမယ်"

"နည်းနည်းပဲ သောက်တာပါ"

"ပြီးတာပါပဲဗျာ ဒါဆို Congratulations ထယ်ဟွန်းနီး "

"ဟီး ‌ကျေးဇူး နောက်ရက်ကျမှ မုန့်လိုက်ဝယ်ကျွေးမယ်နော်"

Save Me From This Rain ∆ (Edited)Where stories live. Discover now