☔-3

156 20 11
                                    

Huening PoV;

"ဟျူးနင်းရေ.. ဟျူးနင်းရဲ့!! "
အော် ခက်ပြီး ခေါ်မကြား အော်မကြားနဲ့ ဘာတွေလုပ်နေတာပါလိမ့် အခန်းထဲ ဝင်ကြည့်ဦးမှဘဲ။

တစ်ခန်းလုံးလဲ ဓာတ်ပုံတွေနဲ့ ရှုပ်ပွနေတာပဲ ရောက်နေတဲ့အတောအတွင်း ဘယ်လောက်တောင် ရိုက်ထားလဲမသိ ဒီကလေးနှယ် ငါပဲ မြင်မကောင်းတော့ ရှင်းပေးရတော့မှာပေါ့

ပြန့်ကြဲနေတဲ့ဓာတ်ပုံတွေ ထပ်ရင်း ရိုက်ထားတာလေးတွေကြည့်မိတော့ ဒီကပုံတွေလို့တောင် မထင်ရဘူး တော်တော်လေးလှတာပဲ

ကြည့်လိုက် ထပ်လိုက်နဲ့ အားလုံးထပ်ပြီးတော့ စာအုပ်ကြားလေးထဲ ညှပ်နေတဲ့ ပုံလေးတွေ့မိလို့ ဆွဲထုတ်ကြည့်လိုက်မိတယ် နောက်ကျောဘက်က အရင်ပေါ်လာတယ်

စာလေးတောင်ရေးထားသေး
" ပုံရိပ်လေး ~~ ထူးခြားစွာ လှပနေတယ် " ဆိုပါလား

ဘာပုံလေးပါလိမ့် ရှေ့ဘက်ကို လှန်ကြည့်လိုက်တော့ အဝါရောင် နေကြာခင်းရယ် သူ့အပေါ် ဖြာကျနေတဲ့ နေရောင်ရယ် အရမ်းကို တောက်ပနေတဲ့ ပုံလေးပဲ နေပါဦး ထိုပုံလေးထဲမှာ ကောင်လေးတစ်ယောက်လဲ ပါနေသေးတယ်

ကြည့်လေကြည့်လေ ထိုကောင်လေးကို ရင်းနှီးနေသလိုပဲ ထယ်ဟွန်း?

ပိုပြီးသေချာသွားအောင် အနီးကပ်ကြည့်မယ်လုပ်တော့ လက်ထဲကနေ ဆွဲလုခံလိုက်ရတယ်

"ကိုကြီးကဗျာ ဘယ်တုန်းကရောက်နေတာလဲ ကျနော့်ဓာတ်ပုံတွေ လျှောက်လျှောက်မကြည့်ပါနဲ့"

"ဘယ်သူလဲ "

"ဘာကိုလဲ"

"အဲ့ဓာတ်ပုံထဲက ကောင်လေးက ဘယ်သူလဲ"

"အမှန်အတိုင်းပြောရရင် ကျနော် သဘောကျမိသွားတဲ့ ကောင်လေးတစ်ယောက်ပေါ့"

"သူနဲ့သိလား"

"ဟင့်အင်း မသိပါဘူး အဲ့နေရာကို လမ်းမှားပြီး ရောက်သွားတာ ဒီတိုင်း သိမ်းထားချင်လို့ ရိုက်ထားတာလေး"

"မဖြစ်ဘူး"

"ဘာကိုလဲ"

"သူနဲ့ မသိဘူးမလား ဒီတိုင်းတစ်ခါလေးပဲ အမှတ်မထင်ဆုံဘူးတာမလား ဒါကြောင့် ဒီတိုင်းထားလိုက်လို့မရဘူးလား သူနဲ့ဆို မဖြစ်နိုင်ဘူးနော်"

Save Me From This Rain ∆ (Edited)Where stories live. Discover now