☔-15

110 16 15
                                    

"ပြန်လာပြီပေါ့ ဘယ်တွေသွားနေတာလဲ"

"ရည်းစားလေးနဲ့ လျှောက်လည်နေတာလေ"

"အေးပါ မင်းတို့ခေတ်ဆိုတော့လဲလုပ်-လုပ် ဘာ!!! ရည်းစားနဲ့ ဘယ်သူလဲ ထယ်ဟွန်းလား "

"ဟုတ်တယ်လေ တခြားဘယ်သူရှိရဦးမလဲ "

"ဘယ်တုန်းကဖြစ်သွားတာလဲ"

"မနေ့ကပဲ "

"ခွေးကောင်လေး ငါ့ကိုလျှိုထားတယ်"

"ဟဲဟဲ ကိုကြီးကလဲ အချစ်ရေးအတွက် လုံးပမ်းနေရသေးတော့ ပြောဖို့မေ့သွားတာပါ"

"ဆင်ခြေတွေကြည့်ပဲ သွားအိပ်တော့ အာရုံနောက်တယ်"

"ဂွတ်နိုက်ပါ လူပျိုကြီးရေ"

"ဘာကွ ဟေ့ကောင် ငါငယ်ငယ်လေးပဲရှိသေးတာနော် လုပ်ထလိုက်ရ.."

---------

📱📲 You sent new messages to

မောင့်သဲငယ်🌻

💕💬 သဲသဲလေး အိပ်ပြီလား

မအိပ်သေးဘူး💬

💕💬မောင် ပုံပြင်ပြောပြရမလား

အွန်း ပြောပြ💬

💕💬 ဒါဆိုမောင်ဖုန်းခေါ်လိုက်မယ်

📳📲Calling from မောင် 💕

💕🔊"မောင်ပြောပြတော့မယ်နော်"

"ဟုတ်"

💕🔊

🕌"ဟိုးရှေးရှေးတုန်းက မင်းသားလေးတစ်ပါးရှိတယ် အဲ့မင်းသားလေးက ချောမောပြီး အပြစ်ကင်းဖြူစင်တယ်။ ကြင်နာသနားတတ်တော့ တိုင်းသူပြည်သားတွေကလဲ ချစ်ခင်နှစ်သက်ကြတယ်။ တောနက်ကြီးရဲ့တစ်နေရာမှာလဲ မှော်ဆရာလေးတစ်ဦးရှိတယ်။ မှော်ဆရာပီပီ လူတွေကိုလှည့်စားရင်း ပျော်ရွှင်နေတတ်တယ်။ မျက်လုံးဝိုင်းဝိုင်း အပြုံးချိုချိုလေးတွေကြောင့် သူ့ကျော့ကွင်းကနေ ဘယ်သူမှ မလွတ်ကြဘူးတဲ့။ တစ်နေ့မှာ မင်းသားလေးက တောကစားထွက်ရင်း မျက်စိလည်လမ်းမှားပြီး မှော်ဆရာလေးနေတဲ့ဆီကိုရောက်သွားတယ်။ ဖိတ်ခေါ်စရာမလိုဘဲ ရောက်လာတဲ့ဧည့်သည်ကို မှော်ဆရာလေးက မျက်လှည့်ပြလှည့်စားပြီး မင်းသားလေးရဲ့ အသပြာထုပ်ကိုခိုးယူလိုက်တယ်။ လူမမိဘူးဆိုပြီး ပျော်ရွှင်နေတဲ့ မှော်ဆရာလေးက သူ့ကိုတစ်ချိန်လုံး ငေးကြည့်နေတဲ့ မင်းသားလေးကိုတော့ သတိမထားမိဘူးတဲ့။
ဒီလိုနဲ့တစ်ရက်မှာ မှော်ဆရာလေးဆီရဲမက်တွေရောက်လာပြီး ဖမ်းခေါ်သွားခဲ့တယ်။

Save Me From This Rain ∆ (Edited)Where stories live. Discover now