ကံကြမ္မာဆေးစက်ကျရာ ထင်လာခဲ့တဲ့ ဖြစ်တည်မှုတွေဆိုပေမယ့် ကျွန်တော်ဟာ အရုပ်လေးတစ်ရုပ်သာသာပဲ ဖြစ်နေမလား ။
လေပြင်းရဲ့ခက်ထန်ခြင်းအား အပြင်းအထန် ခံစားနေခဲ့ရသော ရွက်ခြောက်လေးတွေလို ။
တစ်ချိန်ချိန်မှာ မြေပြင်ပေါ်သို့ ကြွေကျပေးရလိမ့်မည်ဆိုသည်ကို သိရှိထားခဲ့သည် ။
တိမ်စိုင်တွေဟာ သူစိမ်းအဆန်တတ်ဆုံးပဲ တဲ့လေ ။ မဟုတ်တာ ။ မြတ်နိုးရပါသော ကျွန်တော့်ရဲ့ ချစ်ရသူလေးက ပိုသာတာပေါ့......။
_Me AND MY MUSE_
" ဒီတစ်ခါတော့ ခွင့်မလွှတ်နိုင်တော့ဘူး! "
ဧည့်ခန်းအတွင်းရှိ ဆိုဖာထက်၌ ငြိမ်သက်စွာဖြင့် ထိုင်နေခဲ့မိတဲ့အချိန်တွင် ဖခင်ဖြစ်သူ၏ ဒေါသအပြည့်နှင့် လွှမ်းမိုးနေခဲ့သည့် စကားတစ်ခွန်းကို သူကြားလိုက်ရသည် ။
ထို့ကြောင့် နှုတ်ခမ်းရဲ့ဝဲဘက်ခြမ်းတွင်
သွေးစို့လျက်ရှိနေခဲ့သော သူ၏ဒဏ်ရာကို လျှာဖျားလေးဖြင့် အသာအယာသပ်လိုက်ရင်း သူဟာ ကျစ်ကနဲ အသံတစ်ချက်ပြုလိုက်မိသည် ။" မင်း ငါ့အိမ်ပေါ်ကနေ ဒီနေ့ပဲဆင်းတော့ "
" ထမင်းတစ်လုတ်ရဲ့တန်ဖိုး ဒါမှမဟုတ် ပိုက်ဆံတစ်ကျပ်ရဲ့တန်ဖိုးကို နားလည်နိုင်တဲ့ တစ်နေ့အထိ ကိုယ်တိုင်ရုန်းကန်ကြည့်လိုက် "
" ငါဘာလို့ မင်းကို အခုလိုမျိုး အိမ်
ပေါ်ကနေနှင်ချရတာလည်းဆိုတာကို မင်းကောင်းကောင်းကြီး နားလည်သွားလိမ့်မယ် "ဆုံးဖြတ်ချက်ချထားပြီးသွားခဲ့ပြီဆိုလျှင် ပြန်လည်ပြီးတော့ မပြင်ဆင်တတ်သည့် ဖခင်ဖြစ်သူ၏ အကျင့်နှင့်စရိုက်ကို သိရှိထားခဲ့တဲ့အတွက် အမိန့်ဆန်နေခဲ့သော စကားလုံးများအား သူဟာ တုန့်ပြန်နိုင်စွမ်းမရှိခဲ့ပေ ။
အဲဒီ့အတွက် သိပ်ကိုအကြပ်ရိုက်သွားခဲ့
ရတဲ့ မျက်နှာထားလေးဖြင့်သာ ဖခင်ဖြစ်သူကို ထိုင်နေရာကနေ မော့ကြည့်လိုက်မိ၏ ။ထိုအခါမှာ အပြတ်သားဆုံးပြတ်သားနေခဲ့တဲ့ မျက်ဝန်းနက်တွေနှင့်အတူ စနောက်နေခဲ့သော ပုံစံမပေါ်သည့် ခပ်တင်းတင်းမျက်နှာထားနှင့် သူရင်ဆိုင်လာခဲ့ရ၏ ။
YOU ARE READING
Me And My Muse (Jikook)