ဂျောင်ဂုရဲ့ အသက် ၁၅ နှစ်အရွယ်လောက်မှာ မိန်းမရောဂါတစ်မျိုးဖြင့် မိခင်ဖြစ်သူက ဆုံးပါးသွားခဲ့တာကြောင့် ဂျောင်ဂု၏ တစ်ဇွတ်ထိုးဆန်မှု ၊ ဆိုးသွမ်းမှုတွေဟာ ပိုမိုဆိုးဝါးလာခဲ့တယ်လို့ပဲ ပြောရလေမလား ။
ငယ်စဉ်အရွယ်ကတည်းက ပိုးမွေးသလိုမွေးခံခဲ့ရပြီး လိုလေသေးမရှိအောင် ဂရုစိုက်ခံထားရသည့်အပြင် ငွေထက်တန်ခိုးကြီးသောအရာ ဘယ်အရာမှမရှိဘူးဆိုတဲ့ အသိတရားကိုလည်း ဂျောင်ဂုက ရိုက်သွင်းခံခဲ့ရတာဖြစ်သည် ။ အတိအကျရှင်းပြရမည်ဆိုပါက ဂျောင်ဂုရဲ့မိဘနှစ်ပါးက အကျင့်စရိုက်မတူညီကြ ။
ဂျောင်ဂု၏ ဖခင်ဖြစ်သူဟာ အနုပညာကိုချစ်မြတ်နိုးသူပီပီ နူးညံ့တည်ကြည်သောစိတ်ထားရှိပြီး ဂျောင်ဂုကို တစ်ဦးတည်းသော သားလေးမို့ သိပ်ချစ်ပေမယ့် အမှား၊ အမှန် ခွဲခြားကာ ဆုံးမသွန်သင်တတ်သည် ။
ဒါပေမယ့် ဂျောင်ဂုရဲ့မိခင်ဖြစ်သူကတော့ ဒီလောကမှာ ဂျွန်ဂျောင်ဂုဆိုသော သူမ၏သား နှုတ်ခမ်းဖျားက ထွက်လာခဲ့သမျှ စကားလုံးတိုင်းဟာ သူတို့ထက် နိမ့်ကျသူအားလုံးအတွက် တိတိကျကျ လိုက်နာရမည့် အမိန့်ဖြစ်ပြီး ၊ ဂျောင်ဂုဘဝတွင် အမှားဆိုတာ ဘယ်တော့မှမရှိဟု သတ်မှတ်ထားတာဖြစ်၏ ။
ထို့အပြင် မိသားစုအတွက် အလုပ်များနေခဲ့ရသော အဖေထက် ဂျောင်ဂုက အမေနဲ့သာ ပိုပြီးအနေများခဲ့တာကြောင့် အမေသွင်းပေးထားခဲ့သည့် ပုံစံအတိုင်း နေသားတကျ ဖြစ်နေခဲ့တာပင်ဖြစ်သည် ။ ဒါကြောင့် မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီးတဲ့နောက်မှာတော့ ဂျွန်ဂျောင်ဂုတစ်ယောက် အထိန်းကွပ်မဲ့သွားခဲ့သည် ။
" အရက်သောက် club တက်တာနဲ့တင် ဆိုးသွမ်းလှပြီကို မင်းက တစ်ဆင့်ထပ်တက်ချင်သေးတာလား ဂျွန်ဂျောင်ဂု ! ပြောလေ မင်းငါ့ကိုပြောစမ်း ! "
ဟိန်းကနဲထသွားခဲ့တဲ့ အော်ဟစ်သံက ယခုအချိန်၌ သူဘယ်လောက် ဒေါသထွက်နေခဲ့တာလဲဆိုတာကို ပြသပေးဖို့ အကောင်းဆုံးသက်သေတစ်ခုပင် ။
" ဒီအရွယ် club တက်တဲ့လူငယ်တိုင်း အနည်းနဲ့အများတော့ ဒါမျိုးသုံးတတ်နေပါပြီ ဒယ်ဒီရာ .... ဒယ်ဒီတို့ စီးပွါးရေးသမားတွေတောင် ဥာဏ်အလင်းပွင့်ဖို့ စိတ်ညစ်ညူးတာတွေကို ဖြေဖျောက်ဖို့အတွက် တစ်ခါတစ်ရံဖြစ်ဖြစ် သုံးကြတာပဲလေ "
YOU ARE READING
Me And My Muse (Jikook)