နောက်တစ်နေ့မနက်ခင်းအချိန်အခါကို ရောက်ရှိလာခဲ့သည်နှင့် ဂျီမင်းတစ်ယောက်ဟာနုံးချိနေခဲ့တဲ့ သူ့ရဲ့ ကိုယ်ခန္ဓာဖြင့် အိပ်ရာထက်မှနိုးထလာခဲ့ရသည် ။ နုံးချိနေခဲ့တယ်ဆိုတာထက် ဂျီမင်း၏ တစ်ကိုယ်လုံးကနာကျင်ကိုက်ခဲနေခဲ့တယ်လို့ ပြောရင် ပိုမှန်သည် ။
ဂျီမင်း နိုးလာပြီးပြီးချင်း မြင်တွေ့လာခဲ့ရသည်ကတော့ ဂျောင်ဂုရဲ့ ရင်ခွင်ကျယ်ကြီးတစ်ခုကို ဖြစ်သည် ။ ဂျောင်ဂုဟာ သူ့အား ရင်ခွင်ထဲသို့ ထည့်ထားခဲ့ရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေသည် ။
ယခုအချိန်မှာ ဂျီမင်း နားမလည်တာတစ်ခုရှိသည် ။ ညတုန်းက ဂျောင်ဂုနှင့်ဂျီမင်းဟာ အတူတူပင်ပန်းခဲ့ကြတာဖြစ်ပေမယ့် နောက်ဆုံးအချိန်တွင် ဘာဖြစ်လို့ ဂျီမင်းက ဖျော့တော့နွမ်းနယ်သွားခဲ့ရပြီး ဂျောင်ဂုဟာတော့ အားအင်ပြည့်ဝသွားသလို ဖြစ်သွားခဲ့ရတာလဲဆိုတာကို သူနားမလည်ဘူးဖြစ်သည် ။
ပြီးတော့ ဒီလိုမျိုးမနက်ခင်းအချိန်အခါ၌ နာကျင်ကိုက်ခဲမှုတွေအား ဂျီမင်းတစ်ယောက်တည်းကသာ ခံယူနေခဲ့ရတာပင် ။ ဂျောင်ဂုကတော့ အေးဆေးအိပ်နေ၏ ။
ဒါကြောင့် ထိုကောင်လေးကိုသာ မျက်မှောင်လေးကို အသာကုတ်ပြီး မကျေနပ်စွာကြည့်လိုက်မိရင်း ဂျီမင်းရဲ့ခါးလေးထက်မှာ ရစ်သိုင်းထားခဲ့သော ဂျောင်ဂု၏ လက်တစ်ဖက်ကို ဖြတ်ကနဲ ဖယ်ရှားလိုက်မိသည် ။
ကိုယ့်ကို ယုံပါတဲ့ ။ အများကြီး မနာကျင်စေရပါဘူးတဲ့ ။ မနာကျင်ရတာများ ဂျီမင်းသေတော့မယ့်အတိုင်းပဲ ။ တစ်ညလုံး သူအိပ်လို့မရခဲ့တာဖြစ်၏ ။ မိုးလင်းခံနီးလောက်မှ ဂျီမင်းဟာ အိပ်ခွင့်ရခဲ့တာသာ ။
အဲဒီ့အတွက် ဂျွန်ဂျောင်ဂုကို ဂျီမင်း မကျေနပ်မိပေ ။
" ဟင် ... အစောကြီး နိုးနေတာလား ... အိပ်ဦးလေ "
သန်မာလွန်းလှတဲ့ ဂျီမင်း၏ခါးလေးထက်ရှိ ဂျောင်ဂုရဲ့လက်တစ်ဖက်အား ဖယ်ရှားဖို့အတွက် ဂျီမင်းဟာ ကြိုးစားလိုက်မိရုံလေးနှင့် သူ၏နောက်ကျောဘက်တစ်နေရာက စူးကနဲ နာကျင်လာခဲ့သည် ။
နာကျင်လာခဲ့တာများ ဂျီမင်းမှာ တစ်ဖန်ပြန်လည်ပြီး မျက်ရည်လေးတွေ ဝေ့ဝဲလာခဲ့ရသည်အထိဖြစ်၏ ။ ဒါ့အပြင် လုံးဝနိုးနေခဲ့ပြီဖြစ်ပေမယ့် အိပ်ရာထက်မှ ဂျီမင်းဟာ မလှုပ်ရှားနိုင်၍ ထလို့မရဘူးဖြစ်သည် ။
YOU ARE READING
Me And My Muse (Jikook)