နောက်တစ်နေ့မနက်ခင်းအချိန်အခါ၌ ရေမိုးချိုး အဝတ်အစားလဲပြီးသွားခဲ့လေတော့ ထမင်းစားစားပွဲဝိုင်းဆီသို့ ဦးတည်လာခဲ့မိသော ဂျောင်ဂုဟာ မီးဖိုချောင်ထဲမှာ လှုပ်တိလှုပ်တုတ်နဲ့ အလုပ်များနေခဲ့တဲ့ ကျောပြင်ဖြူတစ်ခုကို ရှေးဦးစွာ တွေ့မြင်လာခဲ့ရသည် ။ ထို့ကြောင့် ထိုကျောပြင်လေးကို မြင်လိုက်ရသည်နှင့် သူ့ရဲ့မျက်ခုံးတန်းနှစ်ဖက်ဟာ ရုတ်ချည်းပဲ တွန့်ကျိုးသွားခဲ့လေ၏ ။
မနေ့ညက ပတ်ဂျီမင်းဟာ သူ့ရဲ့အခန်းထဲကို ညဥ့်တော်တော်နက်မှ ပြန်ပြီးတော့ ဝင်သွားခဲ့တာဖြစ်သည် ။ ဆိုဖာပေါ်မှာ လှဲအိပ်နေခဲ့တဲ့တလျှောက်လုံးမှာ မီးဖိုချောင်ရဲ့မီးရောင်ကို ဂျောင်ဂုဟာ လှမ်းကြည့်နေခဲ့မိတာပင် ။
ဒါကို မနက်စောစောစီးစီး မနက်စာထပြီးတော့ ပြင်နေခဲ့ပြန်သည့် လူကြောင့် ဂျောင်ဂု ဘာကိုအလိုမကျဖြစ်လာခဲ့မှန်းမသိ ။ ဒီလိုပါဘဲ အဲဒီ့လူနဲ့ပတ်သက်လာခဲ့လျှင် ဂျောင်ဂုဟာ တစ်ခါတလေ ကိုယ့်ရဲ့စိတ်ကိုယ်တောင် ကိုယ်နားမလည်နိုင်တော့ပေ ။
မနေ့ကလည်း ရုတ်တရက် ကြားလိုက်ရတဲ့ ဆူညံသံတွေကြောင့် မီးဖိုချောင်ကို သူဘယ်လို ပြေးသွားခဲ့မိမှန်းတောင် မမှတ်မိဘူး ။ နောက်ပြီး ထိုသူ့ရဲ့လက်ညိုးက ဒဏ်ရာအား မြင်တွေ့လိုက်ရသည်နှင့် ဘာကိုမှမစဥ်းစားနိုင်တော့ဘဲ အလိုအလျောက် လုပ်လိုက်မိတာက သူ့ရဲ့ခံတွင်းထဲသို့ ထိုလက်ညိုးသေးသေးလေးကို ထည့်ငုံလိုက်ခြင်းသာ ။
" ကျစ်! "
နားမလည်နိုင်ခြင်းတွေနဲ့ ရောယှက်နေခဲ့တဲ့ အတွေးတွေကြောင့် ဂျောင်ဂုဟာ စိတ်ရှုပ်ထွေးစွာဖြင့် ကျစ်တစ်ချက်ဆုတ်သတ်လိုက်ရင်း ဆံနွယ်တွေကိုပါ ခပ်ကြမ်းကြမ်း ဆွဲဖွလိုက်မိသည် ။ ပတ်ဂျီမင်းက တကယ်ကို သူ့အတွက် စိတ်ရှုပ်စရာလူတစ်ယောက်ပင် ။
" အာပါး "
" အိုက်ကူးးး အာပါးရဲ့ပူတင်းလေး နိုးလာပြီလား "
မီးဖိုချောင်ထဲမှာ အလုပ်များနေခဲ့တဲ့ လူကို ဂျောင်ဂု စူးစိုက်ပြီး ကြည့်နေခဲ့မိတဲ့အချိန်တွင် သူ့ရဲ့နောက်ကျောဘက်ကနေ ပူတင်းလေးရဲ့ အသံကထွက်လာခဲ့သည် ။
YOU ARE READING
Me And My Muse (Jikook)