ဟန်ဂျူယောင်းနှင့် သူရင်းနှီးခွင့်ရရှိလာခဲ့ဖို့အတွက် ကြိုးစားရာတွင် Chuck ဟာ ဟန်မြစ်ကမ်းအနားဆီက ထိုလူသားလေး သီချင်းအမြဲဆိုတတ်သောနေရာသို့ နေ့စဉ်နေ့တိုင်း တစ်ရက်မပြတ်သွားခဲ့သည် ။
ဟန်မြစ်ကြီး၏အလှကို နောက်ကျောပေးထားခဲ့ကာ ချိုသာသောအသံလေးနှင့် သီချင်း သီဆိုနေခဲ့သည့် ဟန်ဂျုယောင်းရဲ့အသွင်အပြင်ဟာ Chuck အတွက် အမြဲတမ်း ရေးဆွဲချင်စရာ ပန်းချီကားချပ်လေးတစ်ချပ် ဖြစ်သည် ။ ခမ်းနားတာကို လှပတာနဲ့ ပေါင်းစပ်လိုက်ပါက Chuck ရဲ့ပန်းချီကားချပ်လေးတွေဟာ မည်မျှတောင် တင့်တယ်လွန်းလိုက်မည်နည်း ။
Chuck သိရသလောက်ဆိုရင်တော့ ဟန်ဂျူယောင်းက ကိုရီးယားလူမျိူးတစ်ဝက် ၊ မြန်မာလူမျိုးတစ်ဝက်ဖြစ်သည် ။ ဒါကြောင့် မြန်မာနိုင်ငံအကြောင်းကို Chuck ဟာ အင်တာနက်ကနေ ရှာဖွေလေ့လာကြည့်မိပြီး သိလာရသည်မှာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံပင် ။
မြန်မာလူမျိုးတွေက ဘာသာတရားကို လွန်စွာကိုင်းရှိုင်းကြကာ မြန်မာနိုင်ငံတစ်ခုထဲမှာတင် လူမျိုးပေါင်းစွာဟာ အမျိုးအစားကွဲကာ ထပ်ရှိနေသေးသည် ။ အဲ့တာကိုတော့ မြန်မာလူမျိုးတွေက တိုင်းရင်းသားများဟု သုံးနှုန်းထားခဲ့တာကို သူတွေ့ရပါသည် ။
ဘာသာတရားနှင့်သက်ဆိုင်သော အထိန်းအမှတ်ပွဲများကို ခမ်းခမ်းနားနား ပြည်သူတိုင်းနီးပါး ပါဝင်ဆင်နွှဲတတ်လေ့ရှိပြီး သေးငယ်ပေမယ့်လှပသောအမွေအနှစ်တွေရှိသည့် နိုင်ငံငယ်လေးတစ်ခုဖြစ်သည် ။
Chuck ဟာ ဟန်ဂျုယောင်းနှင့် တွေ့ပြီးကာမှ သူတစ်ပါး၏အကြောင်း ၊ နိုင်ငံတစ်ခုရဲ့အကြောင်း အစရှိတာတွေအား လေ့လာတတ်လာခဲ့သည် ။
အဲ့တာတွေအပြင် Chuck ထပ်မံပြီး တတ်လာခဲ့တာ နောက်တစ်ခုရှိသေးသည် ။
" မင်း ငါ့အနောက်ကို ရှဲဒိုးလိုက်နေတာလား "
သီချင်းသီဆိုပြီးသွားခဲ့ပြီဆိုသည်နှင့် ဟန်မြစ်ကမ်းဘေးတစ်နေရာမှာထိုင်ကာ ထိုလူသားလေးက ဆေးလိပ်တစ်လိပ်ကို သောက်နေတတ်သည် ။ ပြီးတော့ ထိုသို့သောက်နေခဲ့ရင်း ဟန်မြစ်ကြီးအား လွမ်းမောစွာဖြင့် ငေးကြည့်နေတတ်လေ့ရှိသည် ။
YOU ARE READING
Me And My Muse (Jikook)