(29)

1.3K 100 1
                                    

စျေးဝယ်ထွက်ပြီးသွားခဲ့ကြပြီဖြစ်တာကြောင့် သူတို့ဝယ်ယူလာခဲ့တဲ့ ပစ္စည်းပစ္စရတွေနဲ့အထုပ်အပိုးတွေကို ဂျောင်ဂုကသာ အကုန်လုံးသယ်ယူပေးလာခဲ့ကာ ဂျီမင်းဟာ ပူတင်းလေးကို ချီထားခဲ့ရင်း မိမိအိမ်၏ အိမ်တံခါးလျှို့ဝှက်နံပါတ်ကို ရိုက်နှိပ်နေမိသည် ။

Shopping Center တွင်တစ်ချိန်လုံး ဆော့ကစားလာခဲ့တာဖြစ်တာကြောင့် ပူတင်းလေးက ယခုအချိန်မှာသူ့ရဲ့ပုခုံးထက်၌ အိပ်ချင်မူးတူးဖြစ်နေခဲ့သော ပုံစံလေးနှင့် ငိုက်မြည်းကာ မှီတွယ်ထားခဲ့သည် ။ ဒါကြောင့် ငိုက်မြည်းနေခဲ့သော်လည်း မအိပ်သွားခဲ့အောင်လို့ ထိန်းထားနေခဲ့တဲ့ ပုခုံးပေါ်ရှိ ပူတင်းလေးကို ဂျောင်ဂုက အသည်းတယားယားဖြစ်လာသည်ထင်သည် ။

လက်ထဲမှာ အထုပ်အပိုးတွေကို မြောက်မြားစွာကိုင်ဆောင်ထားခဲ့ရင်းပင် အိပ်ချင်မူးတူးဖြစ်နေခဲ့သည့် ပူတင်းလေး၏နှဖူးပြင်လေးကို မနာအောင် ဖွဖွလေးတောက်လာခဲ့သည် ။ ထိုအခါ ချက်ချင်းဆိုသလို ပူတင်းလေးရဲ့ အလိုမကျသံလေးက ထွက်လာခဲ့၏ ။

" ဦးဦးနော် ... ဘာလို့တောက်တာလဲ "

" အိပ်ငိုက်နေလို့တောက်တာ ... "

" တား အိပ်မငိုက်ပါဘူး ... "

" အဲဒီ့စကားကို မျက်လုံးဖွင့်ပြီးပြော... "

" တားမျက်လုံးဖွင့်ထားပါတယ် ဦးဦးရဲ့ ... "

အိမ်တံခါးကို ဖွင့်ပြီးသွားခဲ့တာကြောင့် သူတို့သုံးဦးသားကအတူတူ အိမ်ထဲသို့ ဝင်နေခဲ့ကြသည့်အချိန်တွင် ဂျောင်ဂုရဲ့ ရီသံရောယှက်နေခဲ့သော စနောက်သံများရယ် ၊ ပူတင်းလေး၏ အလိုမကျဖြစ်နေခဲ့တဲ့ ပြန်ပြောသံလေးများရယ်က တစ်ပါတည်းလိုက်ပါလာခဲ့သည် ။

ဒါကြောင့် ဂျီမင်းဟာ တစ်ဦးကိုတစ်ဦးအချစ်စမ်းနေခဲ့ကြသည့် ဒီမတော်ရသေးသောသားအဖနှစ်ဦးအား ကြည့်ရင်း ခေါင်းကို အသာခါယမ်းလိုက်မိသည် ။

နောက်ဆိုရင် ဂျီမင်းရဲ့အိမ်လေးအတွင်းတွင် ဒီသားအဖနှစ်ဦး၏ ရန်ဖြစ်သံများဟာ ဆူညံလာခဲ့ဦးမည်ဟု ယခုအချိန်ကတည်းက သူကြိုတင်မှန်းဆထားမိသည် ။

Me And My Muse (Jikook)Where stories live. Discover now