(16)

1.4K 183 66
                                    

နောက်တစ်နေ့ မနက်ခင်းအချိန်အခါတွင် မီးဖိုခန်းထဲမှာ မနက်စာပြင်ဆင်ရင်း တကုပ်ကုပ်အလုပ်များနေခဲ့သည့် ဂျီမင်းဟာ ရေချိူးခန်းထဲကနေ ရေချိုးပြီး ထွက်လာခဲ့တဲ့ ဂျောင်ဂုအား မျက်စိထောင့်စွန်းဖျားလေးမှ မသိမသာ ခိုးကြည့်လိုက်မိသည် ။

မနေ့ကတစ်နေ့တည်းမှာတင်ပဲ အဖြစ်အပျက်ပေါင်းများစွာကဖြစ်ပျက်သွားခဲ့ပြီး စိတ်တိုစရာ ၊ လန့်စရာ ၊ ဝမ်းသာစရာ ပြီးတော့ ........ စိတ်လှုပ်ရှားစရာ အဲဒီ့ခံစားချက်များအားလုံးကို အစုအပြုံလိုက် ဂျီမင်းက ခံစားခဲ့ရတာဖြစ်သည် ။ ဒါ့အပြင် ဂျောင်ဂုကို ဂျီမင်း ဆေးထည့်ပေးနေခဲ့တဲ့အချိန်၌လည်း ဖြစ်ပျက်သွားခဲ့သည့်ကိစ္စလေးတစ်ခုကြောင့် ယခုအချိန်မှာ သူထိုကောင်လေးအား မျက်နှာချင်းမဆိုင်ရဲသေးပေ ။

ဂျွန်ဂျောင်ဂုရဲ့သူ့အပေါ်မှာထားသော သဘောထားကို ဂျီမင်းဟာ တိတိကျကျ ခန့်မှန်းလို့ မရပေမယ့် သူက အရွယ်ရောက်နေပြီဖြစ်သည့် လူတစ်ယောက်ဖြစ်လို့ အနည်းအကျဉ်းတော့ ခန့်မှန်းနိုင်နေခဲ့သည် ။

ဂျွန်ဂျောင်ဂုက ..... ။

ဂျွန်ဂျောင်ဂုက ..... ။

ဂျီမင်းကို စိတ်ဝင်စားနေတာများလားလို့လေ ။

" ဟူးးးး "

ဒီအတိုင်း ခန့်မှန်းချက်လေးကိုပဲ ခန့်မှန်းလိုက်မိရုံနှင့်တင် ဂျီမင်းရဲ့နှလုံးခုန်သံတွေက မြန်ဆန်လာခဲ့တဲ့အတွက် သူလေပူတစ်ချို့အား မှုတ်ထုတ်လိုက်မိ၏ ။

အစကတော့ ဂျွန်ဂျောင်ဂုတစ်ယောက်ဟာ ယယ်အွန်းရှီးနဲ့ ပတ်သက်ပြီး ဘာလို့များ ယခုလောက်အထိ စပ်စပ်ထိမခံတွေဖြစ်နေခဲ့ရတာလဲဆိုပြီးတော့ ဂျီမင်းက သဲလွန်စမဲ့ခဲ့ရပေမယ့် မနေ့ညက ဂျောင်ဂုရဲ့ဘက်က သူ့ကို ပြောလာခဲ့သည့် စကားတွေနဲ့အပြုအမူတစ်ခုကတော့ သူ့အတွက် သဲလွန်စဖြစ်ခဲ့၏ ။

ဒါ့အပြင် မနေ့ညက ဂျောင်ဂုနှင့်သူ့ရဲ့ အနီးကပ်ဆုံးနီးကပ်နေခဲ့သော အနေအထားနဲ့အကြည့်တွေကို သူ ပြန်တွေးမိရင် ရှက်လွန်းလို့ အငွေ့ပါပျံချင်သည် ။

အဲဒီ့လိုရှက်နေမိလို့လည်း ညနေစာအတူတူစားကြသည့်အချိန်ကနေစပြီး အခုထိ ဂျောင်ဂုကို အကြည့်ချင်းတောင် အဆုံမခံဘဲနေခဲ့မိကာ စကားပါမပြောမိတော့ပါ ။

Me And My Muse (Jikook)Where stories live. Discover now