" Respect ဆိုတာကလေ အသက်အရွယ်နဲ့မဆိုင်ဘူး... ပါးစပ်ဖျားနဲ့ပဲ ဆိုင်တာ... "
" ကိုယ့်ကိုယ်ကို သိပ်မှန်တယ်လို့ ထင်နေရင် အပုပ်နံ့ထွက်နေတဲ့ ကိုယ့်ပါးစပ်ကိုယ် ပြန်ရှူကြည့်! "
စကားတစ်ခွန်းပြောတိုင်း သူကိုင်ချိုးထားခဲ့သော လက်တစ်ဖက်အား ပိုမိုကာ အားစိုက်နေခဲ့တာကြောင့် ခံနေခဲ့ရတဲ့ လူမှာ အသံတောင်ထွက်ပြီး မအော်နိုင်တော့သည်အထိ မရှုမလှနှင့် နာကျင်နေခဲ့ပြီဖြစ်သည် ။ ကော်ဖီဆိုင်လေးထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သည့်အတွက် ဆိုင်အတွင်းက လူအားလုံးရဲ့အကြည့်တွေကလည်း ဂျောင်ဂုဆီမှာသာ ။
ဂျွန်ဂျောင်ဂုဟာ ဘဝင်အလွန်အကျူး မြင့်တက်ပြီး စကားအကောင်းမပြောတတ်တဲ့ လူ့ဂွစာလို့ပဲ ဂျီမင်းက မှတ်ထားခဲ့မိတာဖြစ်သည် ။ ဒါပေမယ့် ဒီကောင်လေး ဒေါသထွက်ရင် ဒီလောက်အထိကြောက်ဖို့ကောင်းမယ်လို့ သူမထင်မှတ်ထားခဲ့မိတာအမှန်ပင် ။
" ဂျောင်ဂု တော်ပြီ... "
အဲဒီ့အတွက် ပြဿနာတွေကို ပိုပြီးတော့ မကြီးသွားခဲ့အောင် ဂျီမင်းဟာ ဂျောင်ဂုအား တားမြစ်လိုက်မိသည် ။
" တော်ရမယ်! ဘာကို တော်ရမှာလဲ! ခင်ဗျားကို ဒီအဘိုးကြီးက ဒီလက်နဲ့ ရိုက်ထားတာလေ! ချိုးဦးမှာ! သုံးစားလို့ မရတော့အောင်ကို ချိုးဦးမှာ! ရိုက်ချင်သေးလား! "
" ဟမ်! ခင်ဗျား ရိုက်ချင်သေးလား! ဒီလူကို ထိရအောင် ခင်ဗျားကိုခင်ဗျား ဘာထင်နေလဲ!! "
သို့ရာတွင် ဂျီမင်းရဲ့စကားကို ဂရုမစိုက်သည့်အပြင် ထိုလူကြီးရဲ့လက်ကိုပါ ဂျောင်ဂုက မလွှတ်ခဲ့ပါ ။ ဘယ်လိုကြောင့် ဒီလောက်အထိ စိတ်တိုသွားခဲ့မှန်း သူမသိပေမယ့် သူ့ကိုကာကွယ်ပေးရင်းနှင့် ဂျောင်ဂု ထိခိုက်မှာမျိုးတော့ သူမလိုလား ။ ဟင့်အင်း ဂျွန်ဂျောင်ဂု ထိခိုက်လို့ လုံးဝမဖြစ်ပေ ။
ဒေါသက လူတွေကို အမှားတွေ ကျူးလွန်စေသည်လေ ။ ဒါကြောင့် ဂျောင်ဂုကိုသာ သူထပ်မံ တားမြစ်လိုက်မိ၏ ။
" တော်ပြီလို့ ပြောနေတယ်လေ ဂျွန်ဂျောင်ဂု... ပူတင်းလေးလည်း အရမ်းကြောက်နေပြီ... လက်ကို လွှတ်လိုက်ပါတော့ "
YOU ARE READING
Me And My Muse (Jikook)