(10)

5.2K 419 124
                                    

ဂျွန်ဂျောင်ဂုတစ်ယောက်ဟာ ခေါင်းမူးနေခဲ့သည်ဟု​ဆိုထားခဲ့တာကြောင့် အိမ်ပြန်တဲ့ လမ်းတစ်လျှောက် ဂျီမင်းကသာ ကားမောင်းရသည် ။ ပြောရမယ်ဆိုရင် ဂျီမင်းကိုယ်တိုင်ကလည်း အဲဒီ့နေရာက ပြန်ချင်နေခဲ့ပါသည် ။ အိမ်ထောင်ပြုတယ်ဆိုတာဟာ စီးပွားရေးလုပ်တာနှင့် လုံးဝဧကန်မတူညီဘဲ ကွဲပြားလှသည် ။

တခြားသူတွေ သက်မှတ်ထားခဲ့သော အိမ်ထောင်ပြုခြင်းက ဘယ်လိုဘယ်ပုံ စံနှုန်းတွေနှင့် ဖြစ်တည်နေခဲ့သလဲ ဂျီမင်း မသိပေမယ့်လည်း သူ့အတွက်ကတော့ ရင်ခုန်မှုစံနှုန်းတစ်ခုသာ ရှိသည် ။ စီးပွားရေးလုပ်ရင် မချစ်သော်လည်း အောင့်ကာနမ်းလို့ရနိုင်သည် ။

သို့ရာတွင် အိမ်ထောင်တစ်ခုမှာတော့ ကိုယ့်ရဲ့ပါတနာကို ဂျီမင်းမချစ်သော်လည်း အောင့်ကာမနမ်းနိုင် ။ ဂျီမင်းအတွက် သူ တစ်သက်လုံးပေါင်းသင်းရမည့် အိမ်ထောင်တစ်ခုမှာ အချစ် သို့မဟုတ် သံယောဇဥ်က သေချာပေါက်လိုအပ်သည် ။ ပြီးတော့ ယယ်အွန်းရှီးက ပြည့်စုံသော မိန်းမလှလေးတစ်ဦးဖြစ်ပေမယ့် သူရင်မခုန်မိပေ ။ စိတ်မဝင်စားမိပေ ။

ဒါကြောင့်လည်း ခေါင်းမူးလာခဲ့တဲ့ ဂျွန်ဂျောင်ဂုကိုပဲ ဂျီမင်းဟာ ရှာကြံပြီး ကျေးဇူးတင်နေမိသည် ။

" မင်းဘာမှမစားရသေးဘူးမလား? ခဏလေးစောင့်ဦးနော်...ငါမင်းအတွက် ညစာတစ်ခုခုလုပ်ပေးမယ် "

" ပူတင်းလေးကို ဒါလေး အရင် ကျွေးပေးပြီးရင် မင်းညစာစားပြီးတော့ ဆေးသောက်ရမယ် "

ဂျီမင်းတို့မိသားစုလေး အိမ်ကိုပြန်ရောက်သွားခဲ့ကြပြီဆိုသည်နှင့် ရှေးဦးစွာပင် ဂျီမင်းဟာ ပူတင်းလေးကို ဝယ်လာခဲ့သောပုဇွန်အား အရင်ဦးဆုံးကျွေးရန် ကြံရွယ်လိုက်မိသည် ။ ထို့ကြောင့် မီးဖိုချောင်ဆီသို့ ချက်ချင်းဦးတည်ကာဖြင့် သွားလိုက်မိပြီး လက်ထဲက ပါဆယ်ထုပ်ကို ပန်းကန်ထဲထည့်မိ၏ ။

ပူတင်းလေးကလည်း ဂျီမင်းရဲ့အနောက်သို့ လိုက်ပါလာခဲ့ပြီး ထမင်းစားစားပွဲပေါ်၌ နေရာတကျ ဝင်ထိုင်လာခဲ့ရင်း သူ့အတွက် ဂျီမင်း ပြင်ဆင်ပေးနေခဲ့သော ပန်းကန်အား ငြိမ်သက်စွာ ထိုင်စောင့်နေခဲ့သည် ။

Me And My Muse (Jikook)Where stories live. Discover now