ဘွဲ့ရပညာတတ်တစ်ဦးဖြစ်ပေမယ့် အခုအချိန်အထိ အလုပ်အကိုင် မယ်မယ်ရရမရှိသေးတဲ့ သားဖြစ်သူကို ဖခင်ဖြစ်သူဟာ သူ့ရဲ့လုပ်ငန်းတွေမှာ ဦးစီးဦးဆောင်ပြုနိုင်စေရန် ပန်းချီပြခန်းတစ်ချို့ဆီသို့ စေလွှတ်ခဲ့သည် ။
အနုပညာအလုပ်ဆိုတာဟာ အနုပညာကို ချစ်မှသာ လုပ်ကိုင်သင့်တာပင် ။ စီးပွားရေးအမြင်တစ်ခုတည်းနဲ့ပဲ ကြည့်ပြီး အနုပညာအလုပ်ကို ဘယ်လိုမှလုပ်ကိုင်လို့မရနိုင်ဘူး ။ ကိုယ်ကိုယ်တိုင်ကလည်း အဲဒီ့အနုပညာကို မြတ်နိုးတန်ဖိုးထားတတ်ဦးမှ ဖြစ်မည်။
ဂျောင်ဂုဆီမှာ ရောက်ချင်တဲ့ ပန်းတိုင်မရှိ၊ အနာဂတ်ဆိုတာကလည်း မသေချာမရေရာ ဖြစ်နေခဲ့တဲ့အတွက် သူ့ရဲ့လုပ်ငန်းတွေကိုပဲ ဆက်ခံခိုင်းဖို့ သူဆုံးဖြတ်ချက်ချဖြစ်ခဲ့၏ ။
ဒါပေမယ့်လည်း သူ့ရဲ့ဆုံးဖြတ်ချက်က အမှားကြီး မှားယွင်းသွားလိမ့်မယ်လို့တော့ သူ့ဘက်က ကြိုတင်ပြီး တွေးမထားခဲ့မိတာ အမှန်ပင် ။
" ဒီပန်းချီကားက ဝယ်ထားတဲ့လူရှိပြီးသားမို့လို့ ရောင်းလို့မရတော့ပါဘူး သူဠေးလေး.... "
အနုပညာတို့၊ ပန်းချီတို့ကို သဘောမကျတတ်တဲ့ လူဆိုပေမယ့် ဒယ်ဒီ့ရဲ့မိတ်ဆွေ၏ ပန်းချီပြခန်းရှိ ပန်းချီကားတစ်ချပ်ကိုတော့ ထူးထူးခြားခြား ဂျောင်ဂု တော်တော်လေး သဘောကျမိ၏ ။
အနီရောင်စွေးစွေးတွေကို အသုံးပြုထားခဲ့ပြီး Dark sideဘက်ကိုသွားတဲ့ ပန်းချီမျိုးဖြစ်တဲ့အတွက်လည်း သူသဘောကျသွားမိတာပင် ။
ဒါပေမယ့် ပန်းချီပြခန်းမှူးဖြစ်သူက ပန်းချီကားကို ဂျောင်ဂုအား ရောင်းပေးလို့မရကြောင်းပြောလာခဲ့တာကြောင့် သူ့ရဲ့မျက်ဝန်းနှစ်ဖက်ဟာ သိသိသာသာ စူးရဲသွားခဲ့သည် ။
ရောင်းလို့မရဘူးတဲ့လား? ။ သူ့ကိုလေ? ။
" ဝယ်ထားတဲ့လူထက် ငါစျေးပိုပေးမယ် "
" တောင်းပန်ပါတယ် သူဠေးလေး...အားလည်း အားနာပါတယ်.... အရောင်းအဝယ်ဆိုတာက ကတိတစ်လုံးနဲ့ အလုပ်လုပ်ရတာမို့လို့ ကျွန်တော်တို့ ရောင်းပေးလို့ မဖြစ်လို့ပါ....အဲ့တာကြောင့် သူဠေးလေးကပဲ နားလည်ပေးပါနော် "
YOU ARE READING
Me And My Muse (Jikook)