( ၁ )

790 61 11
                                    


“ မဟုတ်ဘူး!! ”

“ အဲ့လိုမဟုတ်သေးဘူးလေ ”

“ ကိုကို!! ”

“ အဲ့လိုမသွားပါနဲ့ ”

“ ကိုကို!! သတိထားဦးလေ ”

“ မဟုတ်ဘူး!!! ”

လွတ်မြောက်ခွင့်ရခဲ့တဲ့အချိန်ဟာ သူ့အတွက်တော့မျက်ရည်တွေ၊ချွေးစေးတွေနဲ့ မိုးစင်စင်လင်းနေချိန်မှာဖြစ်တယ် ။

“ ထပ်ပြီး.. မက်ပြန်ပြီလား ”

ဘေးမှာသူ့လက်တွေကိုဆုပ်ကိုင်ထားတဲ့ညီငယ်လေးဟာ စိုးရိမ်တကြီးမေးနေတယ် ။

“ အင်း... ”

“ ကိုကိုတအားစိတ်စွဲလို့လည်းဖြစ်မှာပေါ့ အဲ့တာကြောင့်အဲ့ဒီပန်းချီကိုဆက်မဆွဲပါနဲ့လို့ပြောနေတာကို ..”

ညီလေးပြောတဲ့အတိုင်းအဲ့ဒီပန်းချီကိုသူရပ်လိုက်သင့်ပြီလား..?

ကျောပြင်ကျယ် ။

သေချာပေါက်ယောင်္ကျားလေးတယောက်ရဲ့ကျောပြင် ။
၀မ်းနည်းစရာတွေ၊နာကျင်စရာတွေပြည့်နှက်နေပုံရတဲ့ထိုကျောပြင်ကျယ်ဟာ မကြာခဏဆိုသလိုသူ့ရဲ့အိမ်မက်ထဲမှာဝိုးတဝါးမြင်တွေ့နေကျဆိုလည်းမမှားဘူး ။
ဘယ်သူမှန်း၊ဘယ်ကမှန်းသေချာမသိရပဲ အိမ်မက်ထဲမှာဆုံတွေ့ရတိုင်း သူ့နှလုံးသားတစ်ခုလုံးဟာ စူးအောင့်ပြီးနာကျင်တတ်ရမြဲ ။

“ ဒါနဲ့.. မင်းမျက်နှာက ”

အိမ်မက်ဆိုးကြားမှာပိတ်မိနေတဲ့ကျွန်တော့်ကို ထိတ်လန့်ပြီးအသိ၀င်လာစေတာက သွေးစတစ်ချို့စွန်းနေတဲ့ညီလေးမျက်နှာကြောင့်

“ ကိုကို့ကိုသေချာပြစမ်း နာနာ!! ဘာဖြစ်လာတာလဲ ”

*ကျစ်

“ ဘာမှမဟုတ်ဘူး ဒီအတိုင်း.. ”

“ ဟွမ်းနာနာ!!! ”

“ ( ကျစ် ) ဂျယ်မ် နာနာပါဆိုမှ! ”

“ အခုကမျိုးရိုးနာမည်ထိုင်ငြင်းနေရမယ့်အချိန်မဟုတ်ဘူး နာနာ! ကိုကို့ကိုသေချာပြောပြစမ်း ဘာဖြစ်တာလဲလို့ ဟမ်! ”

“ ဖိုက်လာတာ ”

“ ဘာ! ဘယ်သူတွေနဲ့လဲ ကိုကိုသွားပြောမယ်! ကိုကို့ကိုပြော ”

𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )Where stories live. Discover now