( ၁၂ )

274 39 7
                                    

“ ဘာလုပ်နေတာလဲ ကိုကို ”

“ အပင်စိုက်နေတာလေ နာနာရဲ့ ”

ပြောပြီးမြေဆွေးတွေကို လက်နဲ့ယူပြီးအပင်မြစ်ကလေးပေါ်ဖိသိပ်နေတယ်

“ သားလည်းလုပ်ကြည့်ချင်တယ် ”

“ လုပ်ကြည့်ချင်လား လာ ဒီကို ”

ကိုကို့လက်တွေကကျွန်တော့်လက်တွေပေါ်ဖိထပ်ပြီး အဲ့ဒီအပင်လေးရှင်သန်ဖို့အတူတူမြေတွေထည့်ခဲ့ကြတယ်

“ ဒီအပင်လေးက နာနာနဲ့အတူကြီးပြင်းလာမှာလေ အင်း... နာနာဒီအရပ်လောက်များလား အဲ့ဒီအချိန်ကျရင်ပန်းတွေပွင့်ပြီး အသီးတွေပါသီးလာတော့မှာ နောက်ကျရင်တူတူစားရ‌အောင်”

ခြေဖျားလေးထောက်ပြီးလက်ကိုဟိုးအပေါ်အထိ ဆန့်တန်းပြီးပြောခဲ့တဲ့ကိုကို ။
မခမ်းနားတဲ့အဖြစ်အပျက်လေးတခုဆိုပေမယ့် ကျွန်တော်ပျော်ရပါတယ် ။

ပန်းတွေလည်းပွင့်ပြီး အသီးတွေလည်းသီးချိန်ရောက်ခဲ့ပေမယ့် ကျွန်တော်တို့အတူတူမစားရသေးဘူးပဲ

ခြံအပြင်ကိုတောင်ကိုင်းညွတ်ကျနေတဲ့ အကိုင်းအခက်တချို့နဲ့ပန်းသီးပင်ကိုကြည့်ရင်းစိတ်ထဲကနေပြောနေမိတယ်။

နေ့တိုင်းလိုလိုရောက်ဖြစ်ပါတယ် ။ကျွန်တော့်နှလုံးသားဆီကို
အရင်လိုတော့မသိသာ‌ပြတော့ဘူးလေ မုန်းနေခဲ့ပြီမဟုတ်လား ။

ဒီရက်ပိုင်းတွေထဲ ခဏခဏမျက်နှာချင်းဆိုင်ဖြစ်ပေမယ့် ကိုကိုကအဲ့ဒီရင်ဘတ်ထဲက‌ပါနာတဲ့အလိမ်အညာစကားကြောင့် စေ့စေ့တောင်မကြည့်ချင်တော့ဘူးထင်ပါရဲ့ ။
သေချာယုံအောင်လိမ်ညာလိုက်ပေမယ့်လည်း တကယ်တမ်းယုံရကောင်းလားဆိုပြီး မေးမေးပြီးစိတ်ဆိုးချင်တယ် ။
အင်း... ကျွန်တော့်မှာလည်းဒဏ်ရာတွေနဲ့ပါပဲ ။

အတွေးများနေမိတုန်း ကားသံကြားရတာကြောင့် အပင်ရိပ်တနေရာဆီကပ်လိုက်မိသည် ။

“ လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ် ”

“ မဟုတ်တာ ကိုယ်လည်းလမ်းကြုံနေတာပဲလေ ”

အသံပိုင်ရှင်နှစ်ယောက်လုံးကိုသူရင်းနှီးနေတယ် ။

ပြီးတော့နှုတ်ဆက်ပြီးတာတောင်ရွေ့မသွားသေးတဲ့ခြေလှမ်းနှစ်စုံကြောင့် သူမျက်မှောင်ကြုတ်လိုက်မိတယ်
တွန့်ချိုးထားမိတဲ့မျက်ခုံးတွေကိုတောင်မဖြေရသေးခင်မှာပဲ မိုးကဇာတ်တိုက်ထားသလိုရွာချလာပြန်တယ် ။

𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )Where stories live. Discover now