အိမ်ထဲကိုခြေလှမ်းလိုက်တာနဲ့ အေးစက်စက်လေထုတစ်ခုကစောင့်ကြိုနေသလို ။
ဘာပါလိမ့် ?
ကိုကို့ကိုလည်းမတွေ့တာမို့ အခန်းထဲတန်း၀င်ခဲ့တော့ စာရွက်တရွက်ကိုင်ပြီးကုတင်ပေါ်ထိုင်ကာသူ့ကိုစောင့်နေပုံရသည် ။
“ ကိုကိုပြောစရာရှိတယ် ”
“ အင်း... ပြောလေ ”
“ အခုတလော ကျောင်းတက်ရတာနဲ့ပတ်သတ်ပြီးတခုခုအဆင်မပြေတာရှိလား ဥပမာ သူငယ်ချင်းတွေနဲ့... ”
“ အာ ကျောင်းခေါ်စာ.. ရောက်လာပြီလား ”
ကိုယ့်အမေးကြောင့် ကိုကိုကအနားရောက်လာပြီး
“ အကြောင်းပြချက်ကိုမရှင်းပြခင် မင်းမှာပြဿနာတခုခုရှိလားဆိုတာ ကိုကို့ကိုအရင်ပြောပြ နာနာ ! ”
“ ပြဿနာ..? မရှိပါဘူး ”
“ ဒါဆိုဘာလို့ကျောင်းမတက်ရတာလဲ ?! နှစ်ပတ်တောင်ကျော်နေပြီ အခန့်မသင့်ရင်မင်းကျောင်းထုတ်ခံရနိုင်တယ် သိရဲ့လား ”
“ သိတယ် ”
“ ဟွမ်းနာနာ ”
“ ကျွန်တော်...အလုပ်ရနေပြီ ”
“ ဘာ ! ဘယ်မှာလဲ ဘယ်တုန်းကလဲ ? ငါကဘာလို့မသိရတာလဲ နာနာ ငါ့ကိုအစ်ကိုတယောက်လိုကောသတ်မှတ်သေးရဲ့လား ဟင် ? ”
“ ဟင့်အင်း... ”
“ မင်း...! ”
“ ..... ”
“ မင်းနဲ့ငါကအသက်သိပ်မကွာတာမို့လို့မလေးစားချင်တာဖြစ်နိုင်ပါတယ် ဒါပေမယ့်ငါ့စကားကိုနည်းနည်းလေးပဲဖြစ်ဖြစ်နားထောင်ပေးလို့မရဘူးလား ”
ကျွန်တော်ပြောတဲ့အစ်ကိုလိုမသတ်မှတ်ဘူးဆိုတာ အဲ့ဒီသဘောမှမဟုတ်တာ ။
“ ကျောင်းတက်ခိုင်းတာကလွဲပြီး ကျန်တာနားထောင်တယ်လေ ။ ပြီးတော့ကျောင်းကမဖြစ်မနေဆိုပြီးတက်စရာမလိုပါဘူးကိုကိုရဲ့.. ကျွန်တော်တို့ဒီအကြောင်းပြောတာတော်လိုက်ကြရအောင် ခဏခဏပြောနေရတာမဟုတ်လား ”
“ မင်းကဘာသိလို့လဲ ?! ဒီခေတ်မှာသူများတွေထက်မတော်ရင်တောင် သူများနောက်ကကျန်နေခဲ့လို့မရဘူး ! ကိုယ့်မှာချို့ယွင်းချက်တစ်ခုခုရှိပြီဆိုတာနဲ့လူတွေကအဲ့တာကိုပဲလက်ညိုးထိုးချင်နေကြတာ မင်းအလှည့်ကျရင်တော့အဲ့လိုအဖြစ်မခံနိုင်ဘူး .... ”
YOU ARE READING
𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )
Fanfictionချစ်ခြင်းတွေကကြိုပြီးစာရင်းပေးထားလို့ရသလား? သေဆုံးဖို့ရွေးချယ်ခဲ့ခြင်းကသူ့ကြောင့်ဖြစ်သလို ပြန်လည်မွေးဖွားလာတော့လည်း သူ့ကိုချစ်ဖို့ပဲဖြစ်နေပြန်တယ်....!