( ၁၁ )

256 34 6
                                    


RenJun's

ငါပါးနဲ့မားတို့ဓါတ်ပုံတွေရှေ့မှာရပ်နေမိတာ အတော်ကြာပြီ ။
ငါသိချင်တာ နာနာ့ရဲ့စကားတွေကြောင့်စိတ်မကောင်းဖြစ်နေကြသလားဆိုတာပဲ

“ ညီလေးကတကယ်ငယ်သေးတယ်နော် ပါးနဲ့မား

တုံ့ပြန်မှုမရှိတာငါသိပေမယ့် အနည်းဆုံးတော့မရင့်ကျက်တဲ့ညီလေးဘက်ကဖာထေးပေးချင်သေးတာ
တကယ်ငါတို့အိမ်လေးကမပြည့်စုံခဲ့ပေမယ့် ညီလေးကောငါ့အတွက်‌ကောလုံလောက်တဲ့မေတ္တာမျိုးတွေရခဲ့တယ်လေ
ငါကိုယ်တိုင်လည်းစိတ်ဆိုးမိပေမယ့် ပါးနဲ့မားကတော့ခွင့်လွှတ်ဖို့မျှော်လင့်မိတာပဲ

“ အခုခေတ်ကလေးတွေက တကယ်ဆိုးတယ်၊ ညီလေးလည်းအခုမဟုတ်ရင်တောင်တချိန်တော့နားလည်လာမှာပါ ပါးနဲ့မားစိတ်မကောင်းမဖြစ်ပါနဲ့ ”

ဒီနေ့ကပါးနဲ့မားရဲ့နှစ်ပတ်လည် ။
အမှန်အတိုင်းပြောရရင် ပစ္စည်းတွေသွား၀ယ်ပြီးပြန်လာတော့ အိမ်ဘက်ကိုကြည့်နေတဲ့ကောင်လေးတယောက်ကို ငါလှမ်းမြင်နေရတာ
ကျောဘက်လေးပဲမြင်ရတာတောင် ငါမှတ်မိတာပေါ့ နေ့နေ့ညညတအိမ်ထဲအတူနေခဲ့ရတာပဲဟာ
ဒါပေမယ့်ကောင်ဆိုးလေးငြင်းဖြစ်အောင်ငြင်းပြီး ငါ့ကိုရှောင်ဖို့လုပ်နေသေးတယ်
နောက်ဆုံးတော့ ငါကြားရဖို့တောင်မမျှော်လင့်ထားတဲ့စကားတွေနဲ့ငါ့ရဲ့စိတ်ပူမှုတွေ၊စိုးရိမ်မှုတွေကိုချနင်းပစ်ခဲ့တာပါပဲ ။
ဘယ်လိုအရာတွေက ငါတို့ကြားဒီလိုအခြေအနေအထိရောက်စေခဲ့တာလဲ?

အဲ့ဒီအကြောင်းငါကြီးမေကိုတော့မပြောဖြစ်ဘူး ပြောရရင်နာနာ့ကိုရှာတွေ့ခဲ့တယ်ဆိုတာကိုတောင်ငါမပြောဖြစ်ခဲ့တာ

သူ့ဆီကဘာမှမမျှော်လင့်ထားတဲ့ငါ့အဖို့ အခုသူပြောသလိုပဲနေလိုက်ဖို့ဆုံးဖြတ်လိုက်ပြီ

_

“ မင်္ဂလာပါ CEO ”

“ အားလုံး အလုပ်လုပ်ကြပါ၊ အတွင်းရေးမှူးကင်မ် Designဌာနအဖွဲ့မှူးကော ”

“ အဲ့တာက... ကျွန်တော်လည်းအခုမှသိရလို့ပါ မနေ့ညကမတော်တဆလေးဖြစ်သွားလို့ အခုဆေးရုံမှာတဲ့ ”

“ ဘယ်လိုဖြစ်ရတာလဲ၊ ဆေးရုံကော သွားကြည့်ပြီးပြီလား ”

“ အဲ့တာက ခုနကမှသိရလို့... ဒါနဲ့CEO အဖွဲ့မှူးနဲ့သွားကြည့်စရာရှိတယ်ဆိုတဲ့ကိစ္စ.... ”

𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )Where stories live. Discover now