( ၃ )

280 45 1
                                    

“ အူးးဝါးးး ”

ဇက်ညောင်းသည်အထိမော့ကြည့်ရတဲ့အဆောက်အဦကြီးကိုကြည့်ပြီး ရင်ခုန်နေတာလည်းမရပ် ။
နောက်ဆုံး interviewသာအောင်သွားရင် ဒီမှာနေ့တိုင်းအလုပ်လာဆင်းရတော့မှာလေ ။

အဆောက်အဦထဲ၀င်လိုက်တာနဲ့ထည်ဝါမှုကိုခံစားရပြီး ပျားပန်းခတ်မျှလှုပ်ရှားနေကြတဲ့လူတွေ ၊ ပြီးတော့.. စက်တချို့ ။

interviewဖြေရမယ့်နေရာရောက်တော့ သူ့လိုပဲ‌စောင့်ဆိုင်းနေသည့်လူတစ်ချို့ကိုတွေ့ရသည် ။

“ ဒီကခေါ်တဲ့ နံပါတ်စဉ်အတိုင်း အထဲကိုသွားပေးပါနော် ”

သူကno.7မို့ အနည်းငယ်စောင့်ရဦးမည်ထင်သည် ။
ရှေ့ကလူတွေတယောက်ပြီးတယောက်၀င်လိုက် ထွက်လိုက်လုပ်နေတာကိုကြည့်ပြီး ရင်တွေတုန်လာတာမို့ လမ်းခဏလျှောက်ဖို့အထ ..

“ ဟာ ”

“ ဟို.. ဆောရီးပါနော် ကျွန်တော်မမြင်လိုက်လို့ ... ပြန်သုတ်ပေးပါ့မယ် ..”

ဒီဘက်ကိုလျှောက်လာတဲ့လူတယောက်နဲ့၀င်တိုက်မိပြီး ထိုလူကိုင်လာတဲ့ကော်ဖီခွက်ကမှောက်ကုန်ကာ အင်္ကျီတွေပါပေကုန်တော့တာဖြစ်သည် ။

“ နေဦး... ဒီမှာ ဘာလုပ်နေတာလဲ ”

“ ဗျာ ... ဟို ကျွန်တော်... ”

“ ‌ဆရာ ရောက်နေတာလား? အခုဘယ်မှာလဲ ? ”

ထိုလူမေးတာတွေဘာမှနားမလည်တာမို့ ကြောင်ပြီးရပ်နေမိတုန်း

“ တခုခုယူခိုင်းလိုက်တာလား? လာလိုက်ခဲ့ ! ”

“ ဟို.. interviewဖြေ.. ”

“ လာ လိုက်ခဲ့ပါဆို ”

အနားကပ်ပြီးလိုက်လာခိုင်းတာမို့ ဘာမှနားမလည်ပဲဒီအတိုင်းသာလိုက်လာခဲ့တော့သည် ။

စရောက်ကတည်းကထူးဆန်းနေပြီ ။

“ ဆရာ ”

သူရောက်သွားတဲ့အခန်းကျယ်ကြီးက သိပ်ခမ်းနားပြီးလူတယောက်ကပြတင်းမှန်တွေဘက်ကိုမျက်နှာမူကာ သူတို့ကိုကျောပေးထားသည် ။

ဟင်...?

ထိုကျောပြင်...! ထိုကျောပြင်က !!

“ ‌ဆရာ yellow3to3ကို တစ်ခုခုခိုင်းလိုက်သေးတာလား ? ”

𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )Where stories live. Discover now