မျဉ်းပြိုင်တွေ ။
တူညီတယ်ထင်ရပေမယ့် ဆန့်ကျင်ဘက်လမ်းတွေဆီဦးတည်နေတာ ။" အိမ်ထဲ၀င်လေ ဂျယ်နို "
ခြံထဲက စားပွဲဖြူလေးမှာထိုင်နေကြတဲ့ ပုံရိပ်နှစ်ခုကိုငေးကြည့်နေတုန်း သူပြောလိုက်တော့..
" ဟုတ်ကဲ့ လေးလေး "
" ပြောစရာရှိလို့လား လေးလေးကို "
" ဟုတ် လေးလေး ကျွန်တော်မေးစရာလေးလည်းရှိလို့ "
မေးစရာ..?
" ဘာများလဲ "
" .... "
ခေတ္တခဏစဉ်းစားနေခဲ့ပြီးမှ ခေါင်းခါပြီးပြုံးပြတဲ့တူတော်မောင် ။
" ဘာမှမဟုတ်ပါဘူး "
ပြီးတော့
အိမ်အကူလေးလာချပေးတဲ့ ကော်ဖီခွက်ကိုကိုင်ရင်း ငေးလက်စနေရာဆီဆက်ငေးနေတယ်။
" သွားနှင့်တဲ့ကလေးမိဘတွေဆီကို ကတိတစ်ခုပေးခဲ့တယ် "
ကိုယ့်စကားကြောင့် လှည့်ကြည့်လာတဲ့မျက်လုံးတွေ
သူသေချာပေါက်သိတာပေါ့ ။ ဂျယ်နိုဘာကိုသိချင်နေတယ်ဆိုတာရယ်ကို ။" လေးလေးရဲ့အသက်ခန္ဒာရှိနေသေးသရွေ့ ဂျယ်မင်းနီးကိုလိုက်ရှာမယ်ဆိုပြီးတော့ ... "
" ..... "
" အမှန်တော့ ဂျယ်မင်းနီးကိုရှာမတွေ့ခဲ့ခင် သတင်းတစ်ခုကြားခဲ့တာရှိတယ် ဂျယ်မင်းနီးက ပြန်ပေးဆွဲခံရတာ "
" ပြန်ပေးဆွဲခံရတယ်? "
" ဟုတ်တယ် လေးလေးထင်တာတော့ငွေကြောင့်ဖြစ်နိုင်ပါတယ် ပိုက်ဆံနဲ့အပေးအယူလုပ်မလို့စီစဉ်ထားခဲ့ပေမယ့် လေးလေးတို့အသိုင်းအဝိုင်းအကြောင်းသိပြီးနောက်ဆုတ်ခဲ့တာဖြစ်လိမ့်မယ် ကလေးကိုတော့ ပြန်မပို့ပဲလမ်းမှာထားရစ်ခဲ့တာလို့ထင်တယ် "
" ဒါဆို.. မွေးစားခဲ့တဲ့အိမ်က"
" ပြန်ပေးသမားတွေက မြို့နဲ့အရမ်းဝေးတဲ့နေရာကိုခေါ်သွားကြတာထင်တယ် နောက်တော့လက်ရှိနေခဲ့တဲ့အိမ်ကမိဘတွေက တွေ့ပြီးမွေးစားခဲ့ကြတာပေါ့ "
" ဒါနဲ့.. ၁၀နှစ်လောက်သတင်းအစအနမကြားရပဲ အခုမှရုတ်တရက်ကြီးပြန်ရှာတွေ့ခဲ့တာက "
YOU ARE READING
𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )
Fanfictionချစ်ခြင်းတွေကကြိုပြီးစာရင်းပေးထားလို့ရသလား? သေဆုံးဖို့ရွေးချယ်ခဲ့ခြင်းကသူ့ကြောင့်ဖြစ်သလို ပြန်လည်မွေးဖွားလာတော့လည်း သူ့ကိုချစ်ဖို့ပဲဖြစ်နေပြန်တယ်....!