( ၅ )

286 44 7
                                    


“ ဧည့်သည်ခင်ဗျ  ကားကဒီမှာရပ်လို့မရပါဘူးခင်ဗျာ ”

အသံလာရာကိုလှည့်ကြည့်လိုက်တော့ ခါတိုင်းပြာနေအောင်မျက်နှာချိုသွေးတတ်တဲ့စိတ်ရှုပ်စရာကောင်မဟုတ်ပဲ နောက်ထပ်လုံခြုံရေးအသစ်ဖြစ်ပုံရတဲ့လူတယောက်  ။

“ ဧည့်သည်ခင်ဗျ... ”

ကြည့်လိုက်တာနဲ့အသက်ကိုခန့်မှန်းလို့မရလောက်အောင် နုဖက်နေတဲ့မျက်နှာ။
သူကားပေါ်ကဆင်းလာကတည်းကပြုံးပြနေတဲ့အပြုံးတွေကတခြားလူသာဆိုသဘောကျလောက်ပေမယ့် ဒီကုမ္မဏီရောက်တာနဲ့တွေ့ရာကိုကန့်လန့်တိုက်မယ်စိတ်ကူးထားတာမို့ ။

“ နာမည်က ဘာလဲ !”

“ ဗျာ ”

“ နားကလည်းလေးလိုက်တာ ထားလိုက်တော့ ငါဘယ်သူလဲဆိုတာသိလား ”

“ ကုမ္မဏီကိုလာတဲ့ဧည့်သည်တွေထဲက တယောက်ပါခင်ဗျ ”

အခုထိပြုံးပြီးပြောနေသေးတဲ့ဒီလုံခြုံရေးက လာနောက်နေတာလား?? တကယ်မသိတာလား ??
ကုမ္မဏီကိုလာတိုင်းဒါမျိုးတစ်ခါမှမဖြစ်ခဲ့ဖူးတာမို့ ဂျီဆောင်းတယောက်အထူးအဆန်းဖြစ်သွားရကာ ထိုလုံခြုံရေး၏ကတ်ပြားကိုဆွဲယူပစ်လိုက်သည် ။

“ ဧည့်သည် ဘာလုပ်တာ... ”

“ ဟွမ်းနာနာ... ? နာမည်ကလည်းကြောင်လိုက်.. ”

တခုခုပြောမလို့ပြင်လိုက်ပေမယ့် အမည်နာမတစ်ခုကြောင့်ပြောမယ့်စကားတွေကအပြင်ကိုထွက်ကျမလာတော့ ။

ကိုကိုနဲ့ပတ်သတ်ရင်ခပ်ဆင်ဆင်တူတဲ့အဖြစ်၊ အရာတွေကအစ ကျွန်တော့်ကိုရပ်တန့်နေစေတုန်းပဲကိုကို ။
ငယ်ငယ်တုန်းကကိုကို့ကိုမြင်တာနဲ့ပြုံးချင်လာသလိုမျိုး နာနာဆိုတဲ့နာမည်ကြားတာနဲ့ပြိုလဲရတာကဖြစ်‌နေကျနိယာမတစ်ခုလိုပါပဲ။

ခပ်ရေးရေးမှတ်မိနေတဲ့ပုံရိပ်ကိုတဖြေးဖြေးပုံဖော်ကြည့်မိတော့ အပြုံးတွေဟာအံ၀င်ဂွင်ကျဖြစ်တည်လာတယ် ။

“ အဆင်ပြေရဲ့လား ဧည့်သည် ”

“ ............. ”

“ ကားသော့ပေးခဲ့မယ်ဆိုရင် ကျွန်တော်ကပါကင်ထိုးပေးပါ့မယ် ”

𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )Where stories live. Discover now