၀သုန်ရာသီနှောင်းပိုင်း စိမ်းစိမ်းစိုစိုသစ်ရွက်လေးတွေပေါ် တဖွဲဖွဲကျနေသည့် မိုးစက်တို့ရဲ့သံစဉ်တချို့က အတိတ်ကိုပြန်ပြောင်းမှတ်မိချင်စရာ ။
ထိုနေ့ကလည်း ၀သုန်ရာသီမဟုတ်ပါပဲ မိုးတွေသည်းသည်းမည်းမည်းရွာနေခဲ့သည်လေ ။
“ ကိုကိုကော ”
လက်တွေကိုလာဆွဲပြီးမေးနေတဲ့ကလေးကို ပြန်ဖြေစရာ သူ့မှာအဖြေတို့ရှိမနေ ။
ဒေါ်လေးတို့မျက်နှာကိုလှမ်းကြည့်လိုက်တော့လည်း စိုးရိမ်ပူပန်မှုတို့ကအတိုင်းသား ။
အတူနေထိုင်ခဲ့စဉ်ကာလအတွင်းမှာထို ‘ကလေး’ကိုအချစ်တွေမပေးခဲ့တာပဲရှိမယ် သွေးသားအရင်းညီလေးလောက်ဂရုမစိုက်မိခဲ့တာပဲရှိမယ်
အသက်၈နှစ်လောက်သာရှိသေးတဲ့ကလေးတယောက်အပေါ်မှာ သူမုန်းတီးခြင်းတော့မရှိခဲ့ပါ ။“ ဘယ်လိုဖြစ်တာလဲသားရယ်... နာနာလေးကဘယ်လိုပျောက်သွားရတာလဲ ”
“ ပျောက်သွားတယ် ?! ကိုကိုကပျောက်သွားတာလားဟင် ကိုကြီး ”
“ မဟုတ်ပါဘူး ဘာလို့ပျောက်ရမှာလဲ ကိုကိုကပြန်လာမှာ နော် ”
ငိုမဲ့မဲ့ဖြစ်နေတဲ့ညီပေါက်စလေးကို ပြန်ချော့ပြီး
“ ကျွန်တော်တို့ .. အပြင်မှာပြောရအောင် ”
“ ရဲစခန်းမှာတိုင်ချက်ဖွင့်ထားတယ်ဆိုပေမယ့် ကျွန်တော်လည်း အဲ့အနီးအနားမှာလိုက်ရှာလိုက်ဦးမယ် ”
“ ဘယ်လိုပျောက်သွားတာလဲသားရယ်.. အန်ကယ်လ်ပတ်ခ်ကကော အဲ့အချိန်သားတို့နဲ့အတူမရှိဘူးလား ”
“ မရှိဘူး ဒေါ်လေး... အကုန်လုံးကကျွန်တော့်အမှားပါ... ကလေးနှစ်ယောက်လုံးကိုသေချာမစောင့်ရှောက်မိတဲ့... ”
ဒေါ်လေးရဲ့မျက်ရည်စတွေကိုကြည့်ရင်း သူ့မှာပြောစရာစကားမရှိတော့ ။
သားသမီးမထွန်းကားတာမို့ ဒေါ်လေး လသားအရွယ်ထိုကလေးကိုမွေးစားခဲ့တုန်းကသူက ၁၂နှစ်သား ။
ဒယ်ဒီတို့ကမွေးချင်းမောင်နှမသုံးယောက်ဖြစ်ကာ သူ့ဒယ်ဒီကအကြီးဆုံးဖြစ်ပြီး၊ ကလေးမွေးစားခဲ့သည့်ဒေါ်လေးကဒုတိယသမီးဖြစ်ကာ၊ Jisungieရဲ့မာမီကအငယ်ဆုံး ။
YOU ARE READING
𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )
Fanfictionချစ်ခြင်းတွေကကြိုပြီးစာရင်းပေးထားလို့ရသလား? သေဆုံးဖို့ရွေးချယ်ခဲ့ခြင်းကသူ့ကြောင့်ဖြစ်သလို ပြန်လည်မွေးဖွားလာတော့လည်း သူ့ကိုချစ်ဖို့ပဲဖြစ်နေပြန်တယ်....!