( ၂ )

340 48 6
                                    


*ဒုတိယအဆင့် interviewအောင်မြင်တဲ့အယောက်20ထဲပါ၀င်သွားပါပြီ Congrats  *

Message၀င်လာတာကိုကြည့်ပြီးထခုန်မိမတတ်သူပျော်သွားမိသည် ။
သူလိုလူတိုင်းနီးပါးရဲ့အိမ်မက်ဖြစ်တဲ့ နိုင်ငံရဲ့အကြီးမားဆုံးIT companyရဲ့၀န်ထမ်းဖြစ်ဖို့က နီးကပ်လာလေပြီမဟုတ်လား ။

ထိုcompanyမှာသာအလုပ်၀င်နိုင်ခဲ့ရင် မြင့်တက်လာတဲ့ညီလေးရဲ့ကျောင်းစရိတ်၊ ပြီးတော့အသက်ကြီးလာတဲ့ကြီးမေကိုပါ အေးဆေးထောက်ပံ့နိုင်ပြီလေ ။

ဘွဲ့ရပြီးတာတောင်တခြားcompanyမှာအလုပ်မ၀င်ပဲ အချိန်ပိုင်းတွေလုပ်နေခဲ့တာကဒီလိုအိမ်မက်ကြောင့်ပင် ။

“ ပျော်စရာတခုခုရှိလို့လား ? ”

အခန်းထဲ၀င်လာတဲ့နာနာကကျွန်တော့်ကိုကြည့်ပြီးမေးနေတာမို့ ပြန်ပြုံးပြလိုက်ပြီး

“ ကိုကို ဟိုတစ်ခါပြောတဲ့IT companyဆိုတာလေ အဲ့တာဒုတိယအဆင့်အောင်သွားပြီ ! ဟီး ဟီး  ”

“ ဘာလဲ ! အဲ့လောက်တောင်သဘောကျတာလား ”

“ အင်းပေါ့ ! အဲ့မှာသာအလုပ်၀င်နိုင်ရင်ကိုကိုတို့အဆင်ပြေပြီလေ ၊ နာနာ့ကိုလည်းကျောင်းကောင်း" ထားလို့ရပြီ ”

“ ကျွန်တော်.. ဆက်မတက်ပါဘူးဆို ၊ ဒီနှစ်ပြီးရင်...”

“ ထပ်ပြီး ပြောပြန်ပြီလား နာနာ ”

“ ကိုကိုကကျွန်တော့်အတွက်ကြောင့်နဲ့အလုပ်တွေသိမ်းကြုံးလုပ်နေမှာကို ကျွန်တော်ကဒီအတိုင်းနေရမှာလား.... ကျွန်တော်လည်း အလုပ်လုပ်မှာ ”

“ အလုပ်လုပ်ရအောင် မင်းကဘယ်အရွယ်မို့လို့လဲ ?! လူကြီးဖြစ်ပြီလား ?! ”

“ အင်း... ကျွန်တော် လူကြီးဖြစ်ပြီ ...”

ကျွန်တော့်ကိုစိုက်ကြည့်ပြီးတလုံးချင်းပြန်ဖြေတဲ့ဒီကလေးက ဘာဖြစ်ချင်နေတာလဲ ? ။
သူမှတ်မိသလောက်ဆို အသက်16နှစ်? ဟုတ်တယ် 16နှစ်လောက်ကတည်းက သူလူကြီးဖြစ်ပါပြီ ဆိုပြီးပြောတတ်လာတာ ။

မင်းက ကလေးပဲရှိသေးတာလို့များပြန်ပြောလိုက်ရင်မျက်တောင်ရှည်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စိတ်ဆိုးပြပါလိမ့်မယ် ။

𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )Where stories live. Discover now